BEC-TERO TV

နေ့တိုင်းကိုက်လန် စားသင့်သည့်အကြောင်းအရင်း

08 Mar 2019     8,919 Views


၁။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်တားဆီးပေးတယ်

ခန္ဓာကိုယ်တွင်း ကိုလက်စထရော လိုတာထက် များပြားနေခြင်းဟာ နှလုံးရောဂါဖြစ်ပေါ်လာစေဖို့ လမ်းစပဲဖြစ်ပါတယ်။ ကိုက်လန်မှာအမျှင်ဓာတ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုလက်စထရောဓာတ်ကို ညီညွတ်မျှတစေပါတယ်။

၂။ ကင်ဆာဆဲလ်တွေ ကူးစက်လာခြင်းမှကာကွယ်ပေးတယ်

ကင်ဆာရောဂါဖြစ်ပွားလာတာဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေကြီးထွားလာမှု မငြိမ်သက်တာကြောင့်ဖြစ်ပါတယ်။ ကိုက်လန်မှာ ပါဝင်တဲ့ ကွန်ပေါင်းတစ်ခုဟာ ကင်ဆာဆဲလ်တွေပြန့်ပွားစေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကိုယ်တွင်းဆဲလ် တွေအစီအစဉ်မကျပဲ ကြီးထွားလာခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။

၃။ အမြင်အာရုံပိုမိုကောင်းမွန်လာစေမယ်

အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေဟာ အလိုလိုအားနည်းလာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံတွေချို့ယွင်းလာကြပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ Carotenoid antioxidants, lutein နဲ့ zeaxanthin တို့ဟာ အမြင်အာရုံပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးပြီး မျက်စိတိမ်ကျတာမျိုးတွ ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။

၎။ အစာချေဖျက်အားပိုမိုကောင်းလာမယ်

ပုံမှန်အားဖြင့် ကိုက်လန်ဟာအမျှင်ဓာတ်ကြွယ်ဝလှတာကြောင့် အစာအိမ်အူလမ်းကြောင်းအတွင်းမှာ ပိတ်ဆို့နေတဲ့အစာတွေကို လွယ်ကူစွာချေဖျက်နိုင်အောင် ကူညီပေးပါတယ်။

၅။ ကိုယ်အလေးချိန်လျော့ချပေးနိုင်တယ်

ကိုက်လန်မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာအစာချေဖျက်အားပိုမိုကောင်းမွန်စေရုံသာမက သင့်ကို ဗိုက်ပြည့်နေသလိုခံစားရစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ စွမ်းအင်ပမာဏကို အမျှင်ဓာတ်ဆီက ရရှိလိုက်တာဖြစ်တဲ့အတွက် ပြည့်ဝနေသလိုခံစားနေရမှာပါ။ ကျွန်တော်တို့ခန္ဓာကိုယ်တွေဟာ အမျှင်ဓာတ်နေ့စဉ်လိုအပ်ပါတယ်။ အမျှင်ဓာတ်လိုအပ်နေတဲ့အချိန်မှာ တခြားအမျှင်မပါတဲ့ ကြက်ကြော်၊ ဘာဂါ အစရှိတဲ့ကာဗိုဟိုက်ဒရိတ်ပြည့်ဝတဲ့ အစားအစာတွေစားသုံးခြင်းဟာ သင့်ကိုမတင်းတိမ်စေပါဘူး။ Sensitive ဖြစ်တဲ့ ခန္ဓာကိုယ်ဆိုရင်သိပါတယ် ဗိုက်အရမ်းဆာနေလို့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးစားလိုက်တဲ့အခါ ဗိုက်မပြည့်သလိုခံစားနေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က အမျှင်ဓာတ်လိုအပ်နေတာမို့ မတင်းတိမ်နိုင်ကြောင်းပြသတဲ့ လက္ခဏာတစ်ရပ်ပါ။

ဒီလောက်ဆို ကိုက်လန်စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေသိလောက်ပြီထင်ပါတယ်။ အားလုံးပဲ အစားအစာကိုရွေးချယ်စားသုံးတတ်ကြပါစေ။

(ပိုပိုလေး)

 


08 Mar 2019     8,919 Views




RELATED

Most Popular of Special or Others

Most Popular of Life Style