BEC-TERO TV

ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသောအမျိုးသမီးကို သတ်သူမှာ အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့သူဟု သိရ

08 Mar 2019     1,427 Views


ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ် မြေရဲစခန်းအပိုင် ပျဉ်းမလွင်ကျေးရွာ လယ်ကွင်းထဲတွင် ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီ ခွဲခန့်က ထိုးသွင်းဒဏ်ရာ ၁၆ ချက်ဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကို စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူမှာ အွန်လိုင်းပေါ်မှချစ်သူဖြစ်တယ်လို့သိရပါတယ်။
 
“ကျွန်တော်တို့ စုံစမ်းထားသလောက် ကောင်မလေးက ဆင်ဇလုပ်ကျေးရွာ ဒိုက်ဦးမြို့နယ်ထဲကဖြစ်ပြီး အိမ်ထောင်သည် အသက် ၂၃ နှစ် ကလေးတစ်ယောက်အမေ။ ကလေးက ယောကျ်ားလေး၊ နှစ်နှစ်အရွယ်။ နာမည်က မ----လို့ သိရတယ်။ ယောကျ်ားက ယိုးဒယားမှာ အလုပ်လုပ်နေတယ်။ ပတ်ဝန်းကျင်ရွာက ကောင်လေးတစ်ယောက်နဲ့ Online ပေါ်ကနေတစ်ဆင့် ငြိစွန်းသွားကြတယ်လို့ စုံစမ်းသိရှိရတယ်။

 အဲဒီကောင်လေးနဲ့ ဇန်နဝါရီ ၂၆ ရက်က အတူထွက်သွားကြတယ်။ ၂၈ ရက်ညမှာ ကောင်လေးသူ့အိမ် ပြန်ရောက်တော့ ကောင်မလေး ပါမလာဘူး။ ကျွန်တော်တို့ အလောင်းကိုတွေ့တော့ ၃ဝရက် ရောက်ပြီ။ တရားခံက ၄၈ နာရီအတွင်း ပြင်ဆင်ခွင့်ရသွားတယ်။ အနီးမှာတော့ မရှိတော့ဘူး။ ဖမ်းဆီးရမိရေးတော့ ဆောင်ရွက်ဆဲပါပဲ” ဟု ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းမှူး ရဲအုပ်နေလင်းက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးမျက်နှာတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံးအနည်းငယ်ပြူးထွက်ဒဏ်ရာ၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်နို့အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ယာနို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၀ ချက်၊ ဝမ်းဗိုက်ချက်ဘေးတွင် ထိုးသွင်းဒဏ်ရာတစ်ချက် စုစုပေါင်း ၁၆ ချက်တို့အား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲ့တပ်ဖွဲ ့ကပြောပါတယ်။

ရဲ့တပ်ဖွဲ ့က ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင် သိရပါတယ်။


08 Mar 2019     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS