BEC-TERO TV

လီဗာပူးလ် အသင်းဘက်ကို ဒေါင့်ကန်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းခဲ့တဲ့ ဝက်စ်ဝုက်ရဲ့ သွင်းဂိုး

11 Mar 2019     1,289 Views


မနေ့က လီဗာပူးလ်အသင်းက ဘန်လေကို ၄-၂ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘန်လေအသင်းက ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာ တင် ဒေါင့်ကန်ဘောမှတဆင့် လှလှ ပပ တိုက်ရိုက် ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ အတော်လှပတဲ့ ဂိုးဖြစ်ခဲ့ပြီး လူမှုကွန်ယက်မှာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဂိုးလို့တောင် မှတ်ချက်ပေးနေကြပါတယ်။ အဲ့သွင်းဂိုးကို ဘန်လေကွင်းလယ်ကစားသမား ဝက်စ်ဝုက် ကသွင်းယူပေးခဲ့တာပါ။

ဘန်လေအသင်းဟာ ဦးဆာင်ဂိုးရရှိခဲ့ပေမဲ့ လီဗာပူးလ်အသင်းတိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး ပွဲအပြီးမှာ ၄-၂ ဖြင့်ရှုံးနိမ်ခဲ့ပါတယ်။ မနှစ်က ယူရိုပါလိဂ် Play Off အဆင့်မှာတောင် ဝင်ခွင့်ရခဲ့တဲ့ ဘန်လေအသင်းဟာ ဒီရာသီမှာ ခြေစွမ်းကျဆင်းခဲ့ပြီး တန်းမဆင်းရဖို့ ရုံးကန်နေရတဲ့ အနေအထားမှာရှိနေပါတယ်။


11 Mar 2019     1,289 Views




RELATED

Most Popular of Football

Most Popular of Sport