BEC-TERO TV

ဥရောပအမြင့်ဆုံး ဇတ်ခုံပေါ်သို့ တင်ပေးဖို့ ရီးရဲလ်ကို တကျော့ပြန် ကိုင်တွယ်တော့မဲ့ ဇီဒန်း

12 Mar 2019     1,281 Views


ရီးရဲလ်မက်ထရစ်အသင်းကို ချန်ပီယံလိဂ် ၃ နှစ်ဆက်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပြင်သစ်သားကြီး ဇီဒန်းက ပြန်လည်းကိုင်တွယ်တော့မှာဖြစ်ပါတယ်။ ရာသီအစမှာ စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဂူနဲ့  အစပြုခဲ့တဲ့ ရီးရဲလ်ဟာ ကစားသမားဟောင်း  နည်းပြ ဆိုလာရီပါ ထုတ်ပယ်ခဲ့ပြီးနောက် ဇီဒန်းကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဘုရင်လို့ သတ်မှတ်ခြင်းခံထားရတဲ့ ရီးရဲလ်ဟာ ဒီနှစ်မှာတော့ ၁၆ သင်းအဆင့်မှာတင် အေဂျက်စ်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ချန်ပီယံလိဂ်ဖလားကို ၃နှစ် ရယူခဲ့ပြီးနောက် ရာထူးက ရုတ်တရက် နှုတ်ထွက်ခဲ့တဲ့ ဇီဒန်းဟာ ဆိုးရွားတဲ့ ရာသီနဲ့ ရင်ဆိုင်နေရတဲ့ အသင်းဟောင်းကို အရင်လို အောင်မြင်မှု လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိအောင် စွမ်းဆောင်ပေးဖို့ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

 ဇီဒန်းဟာ အစောပိုင်းက ချဲလ်ဆီး၊ ယူနိုက်တက်စတဲ့ အသင်းကိုရောက်ဖို့ သတင်းထွက်နေခဲ့ပေမယ့် ဆိုးရွားတဲ့ ရလဒ်ပိုင်းတွေနဲ့ ဖလားလက်မဲ့ ရာသီ ဖြတ်သန်းရတော့မယ့် သူ့ရဲ့ အသင်းဟောင်းကို ပြန်လည် တာဝန်ယူဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အရေးပေါ် ဘုတ်အဖွဲ့ အစည်းအဝေး ကျင်းပပြီးနောက် လက်ရှိ နည်းပြ ဆိုလာရီကို ထုတ်ပယ်ခဲ့ကာ ဇီဒန်း ပြန်လည် ခန့်အပ်ကြောင်း တရားဝင် ကြေငြာခဲ့တာပါ။ ဇီဒန်းဟာ ရီးရဲလ်နဲ့ အတူ ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်ကို  ပြန်လည်မကိုင်တွယ်မီ လိုအပ်ချက်တွေ များစွာကို တောင်းဆိုခဲ့ကြောင်း သိရပြီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မာဆယ်လို၊ အစ္စကိုနဲ့ အဆန်စီယိုတို့ကို ဆက်လက် ထိန်းသိမ်းဖို့ ရှိနေပါတယ်။

ဇီဒန်းဟာ ရီးရဲလ်အသင်းကို ၂နှစ်ခွဲကျော် ကာလအတွင်း ချန်ပီယံဖလား ၃နှစ်အဆက် အပါအ၀င် အဓိက ဆုဖလားပေါင်း ၉ လုံးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ကျော့ပြန်လည်းကိုင်တွယ်တဲ့ နည်းပြဇီဒန်း ရီးရဲလ်အသင်းကို ဘယ်လိုအောင်မြင်မှုတွေ ပေးသွားမလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။


12 Mar 2019     1,281 Views




RELATED

Most Popular of Football

Most Popular of Sport