BEC-TERO TV

ထိုင်းသင်္ကြန်တွင် ရေပက်ခံကား လိုက်ပါစီးနင်းမည့် လူဦးရေ ကန့်သတ်မထားတော့

12 Mar 2019     1,267 Views


မကြာမီကျရောက်တော့မယ့် ထိုင်းနိုင်ငံ သင်္ကြန်တွင် ရေပက်ခံကား တစ်စီးတွင် လိုက်ပါစီးနင်းရမည့် လူအရေအတွက် ကန့်သတ်ချက်ကို ယခုနှစ်တွင် မပြဌါန်းတော့ကြောင်း ဒုရဲမှူးကြီး Srivara Ransibrahmanakul က ပြောကြားလိုက်ပါတယ်။
 
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ရေပက်ခံကားပေါ်လိုက်လာသူများ အသက်ဆုံးရှုံးမှုများပြားခဲ့သဖြင့် ယခင်နှစ်သင်္ကြန်က ရေပက်ခံကားတစ်စီးတွင် လိုက်ပါရမည့် လူအရေအတွက်ကို ကန့်သတ်ခဲ့ရာ ဝိုင်းဝန်းဝေဖန်ပြောဆိုမှုတွေ ပြင်းထန်ခဲ့တာကြောင့် ယခုနှစ်မှာ ကန့်သတ်ချက် မထားတော့ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
 
ရေပက်ခံကား စီးနင်းသူအရေအတွက် မကန့်သတ်သော်လည်း ယခုနှစ်တွင် လမ်းမများပေါ်၌ လုံခြုံရေး စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားမည်ဖြစ်ပြီး ယာဉ်မောင်းသူများအတွက် အရက်သေစာသောက်သုံးမှုကိုလည်း အယ်လ်ကိုဟော ရာခိုင်နှုန်း 0.5% မကျော်လွန်စေရန် ထုတ်ပြန်ထားပြီး အရက်မူးတိုင်းစက်များနဲ့ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ထိုင်းရဲအဖွဲ့အနေနဲ့ ရေပက်ခံကားနဲ့ပက်သက်ပြီး ဖြေလျော့မှုပေးထားသော်လည်း အမိုးဖွင့် pick-up ယာဉ်များမှာ နောက်ခန်းတွင် လူစီးရန် ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း၊ နောက်ခန်းတွင် ရေပက်ခံသူများ ပြည့်လျှံနေသဖြင့် ယာဉ်မောင်းသူအတွက် နောက်ကြည့်မှန် မမြင်ရခြင်းနဲ့ နောက်ခန်းတွင် လိုက်ပါလာသူများရဲ့ လှုပ်ရှားမှုများကြောင့် ယာဉ်ကိုထိန်းသိမ်းရန်ခက်ပြီး ယာဉ်အန္တရာယ်ဖြစ်ရကြောင်း ပညာပေးရုပ်သံများနဲ့ သတိပေးထားကြောင်း သိရှိရသည်။
 
မှတ်ချက်။    ။ ရုပ်သံတွင် စိတ်ညစ်ညူးဖွယ်ရာ ပုံရိပ်များ ပါဝင်သဖြင့် ကြည့်ရှုသူများ သတိပြုဆင်ခြင်ပါရန်။
 
 
 
 

12 Mar 2019     1,267 Views




RELATED

Most Popular of International News

Most Popular of NEWS