BEC-TERO TV

ချန်ပီယံလိဂ် နောက်တစ်ဆင့်အတွက် ဂျူဗင်တပ်စ်ကို ရော်နယ်ဒို ကယ်နိုင်ပါ့မလား

12 Mar 2019     1,357 Views


ဂျူဗင်တပ်စ် နဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ကို ယနေ့ညမှာ ကစားတော့မှာဖြစ်ပါတယ်။  ပထမအကျော့မှာ အက်သက်လက်တီကို က (၂-၀) နဲ့ အနိုင်ရထားလို့ အိမ်ရှင်ဂျူဗင်တပ်စ်အတွက် ခက်ခက်ခဲခဲကြိုးစားရမယ့် ပွဲလည်းဖြစ်ပါတယ်။ ဒီညမှာ ရော်နယ်ဒိုပါနေတဲ့ ဂျူဗင်တပ်စ် က တီကို အသင်းကို ဘယ်လိုအနိုင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ရော်နယ်ဒို ချန်ပီယံလိဂ်မှာ သွင်းဂိုးပေါင်း (၁၂၁) ဂိုး သွင်းယူထားတဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေတာပါ။ ဆုဖလားကိုလည်း (၅)လုံးအထိ ဆွတ်ခူးထားသလို တစ်ရာသီချင်းစီမှာလည်း စံချိန်မှတ်တမ်းကောင်းတွေ ရရှိထားပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ရော်နယ်ဒိုအတွက် အသင်းသစ်ဂျူဗီနဲ့ ကစားရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ပကျော မှာရှုံးနိမ့်ခဲ့ပါတယ်။

 အိမ်ကွင်းမှာ ကန်မဲ့ ဒုကျော့ မှတော့ ဒီယေဂို ကော်စတာ ၊ သောမတ် ပါတေး တို့ကတော့ ပွဲပယ်ပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ကာ ၊ ခံစစ် ကစားသမား နှစ်ယောက်ကတော့ ဒဏ်ရာ ပြသနာကြောင့် လွဲချော်နိုင်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် အနေနဲ့ကလည်း ပြည်တွင်းဖလားက သူအတွက် ခက်ခက်ခဲ့ခဲ့ မရှိဘဲ ယူနိုင်တာမို့ ချန်ပီယံလိဂ်ရယူဖို့အတွက် ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာ (၂)ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အတွက်ကြောင့်  ဂျူဗင်တပ်စ် ဖိအားတွေ တော်တော်လေးများနေမှာ သေချာပါတယ်။

အက်သလက်တီကိုလို နောက်တန်းကောင်းမွန်တဲ့ အသင်းကို (၃)ဂိုးအထိ ပြန်သွင်းဖို့လည်း ဆိုတာလည်း အလွယ်ပါဘူး။ ဒီညမှာတော့ ဘယ်လို့ရလဒ်မျိုးတွေ ထွက်ပေါ်လာမလဲဆိုတာပဲ စောင့်ကြည့်သွားရအောင်ဗျာ။


12 Mar 2019     1,357 Views




RELATED

Most Popular of Football

Most Popular of Sport