BEC-TERO TV

အချိုရည်ဗူးများထဲ ဒေါ်လာထောင်နဲ့ချီ ခိုးထုတ်ရန်ကြံစည်သူ အိမ်အကူအား ဖမ်းဆီးမိ

13 Mar 2019     16,846 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးတစ်ဦး သူမ၏နေရပ်သို့ ပြန်ရန် လေဆိပ်ဆင်းကာနီး၌ အိမ်ရှင်ဖြစ်သူက မသင်္ကာဖြစ်ပြီး အအေးဗူးများကို ဖွင့်ဖောက်စစ်ဆေးကြည့်ရာ စင်ကာပူဒေါ်လာ ထောင်တန်များအပါအဝင် ပိုက်ဆံလိပ်ပေါင်းများစွာကို စနစ်တကျ လျှို့ဝှက်ကာ အအေးဗူးထဲထည့်သွင်း ခိုးယူထားကြောင်း ပေါ်ပေါက်ခဲ့သည်။
 
အဆိုပါဖြစ်စဉ် ရုပ်သံကို အွန်လိုင်းပေါ်တွင် အခြားအိမ်ရှင်များ သတိထားနိုင်ရန် တင်ခဲ့ရာမှ လူကြည့်များပြီး ပျံ့နှံ့သွားခဲ့သည်။ ရုပ်သံမှာ အပိုင်း ၃ ပိုင်းရှိပြီး ပထမအပိုင်းမှာ အိမ်ရှင်ဖြစ်သူက အချိုရည်ဗူးကို ဖောက်ခိုင်းရာ အိမ်အကူအမျိုးသမီးက မဖောက်တတ်သလိုလုပ်ပြီး ပြောင်းပြန်ဖောက်နေတာကြောင့် အိမ်ရှင်အမျိုးသမီးက စိတ်မရှည်ပဲ ဒီလိုဖောက်ရတာမဟုတ်ဘူးလို့ ပြောဆိုနေတာဖြစ်ပါတယ်။
 
 
ဒုတိယရုပ်သံမှာတော့ အိမ်ရှင်မကိုယ်တိုင် အချိုရည်ဗူးကို ကတ်ကြေးနဲ့ ကိုက်ဖောက်ခဲ့ရာ အတွင်းထဲမှ စင်ကာပူဒေါ်လာ တစ်ထောင်တန်များ အပါအဝင် ရာတန် ယွမ်ငွေတွေ အလိပ်လိုက် ထွက်လာတာကိုတွေ့ရပါတယ်။
 
 
တတိယရုပ်သံမှာတော့ “ကျမရဲ့ အိမ်အကူ သူခိုးမကို ကြည့်ကြပါဦး၊ ဘုရားသခင်က သူ့ကို ပိုပ်ဆံဘယ်လို ခိုးရမလဲဆိုတာ သင်ပေးတာ လို့တောင် ပြောတဲ့ မိန်းမပါ” ဟု ပြောဆိုတာကို တွေ့ခဲ့ရပါတယ်။
 
 
အိမ်အကူအမျိုးသမီးဟာ သူ့နိုင်ငံပြန်တာကို အချိုရည်ဗူးတွေ ကာတွန်လိုက်ယူသွားတဲ့အပေါ် အိမ်ရှင်က သံသယဝင်ပြီး စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့တယ်လို့ တရုပ်သတင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ ဒါပေမယ့် အိမ်အကူကိုတော့ ညှာတာတဲ့အနေနဲ့ ရဲမတိုင်ခဲ့ဖူးလို့ဆိုပါတယ်။
 
“သူအရင်ကလည်း ပိုက်ဆံခိုးတာကို ကျမ မိဖူးတယ် ဒါပေမယ့် ဝန်မခံခဲ့ဖူး၊ ပြီးခဲ့တဲ့ တရုပ်နှစ်ကူးတုန်းကလည်း ကျမသားကို ပေးတဲ့ အန်ပေါင်းအိတ်ထဲက ပိုက်ဆံလျှော့ခဲ့ဖူးတယ်၊ သူခိုးတာလို့ပဲ ထင်တယ်” လို့ အိမ်ရှင်အမျိုးသမီးဖြစ်သူ Xu Yong Qiang က ပြောပြခဲ့ပါတယ်။

13 Mar 2019     16,846 Views




RELATED

Most Popular of Special or Others

Most Popular of NEWS