BEC-TERO TV

ဒီရာသီ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့ မန်စီးတီးကစားသမား

13 Mar 2019     1,316 Views


မနေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မန်စီးတီး အသင်းနဲ့ ရှော့ကေး အသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ရှော့်ကေးအသင်းကို  ၇ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၁၀-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ တောင်တင်းတဲ့ လူစာရင်းကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားအတွက် ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။

ဝါရင့်ကစားသမား နဲ့ လူငယ်ကစားသမားတွေ ပေါင်းစုဖွဲစည်းထားတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူသွားနိုင်တယ်ဆိုရင်လည်း ငြင်းနိုင်စရာမရှိပါဘူး။ရှော့ကေးနဲ့ ကစားတဲ့ပွဲမှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားဟာ ဆာနေးပါ။ ဆာနေ့းဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ အံ့အားသင့်ဖွယ် လုပ်ဆောင်ပြထားနိုင်ခဲ့ပါတယ်။

မနှစ်က ပရီးမီးယားလိဂ် လူငယ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့  ဆာနေးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာလည်း ဂိုးဖန်တီးပေးပို့မှု ၅ ကြိမ်နဲ့ ထိပ်ဆုံးစာရင်းမှာပါဝင်နေခဲ့တာပဲဖြစ်ပါတယ်။ သူနောက်မှာတော့ မက်ပီ ၊ ဆိုလာ နဲ့  ဒီဇီကို တို့က အသီးသီး ရပ်တည်နေပါတယ်။


13 Mar 2019     1,316 Views




RELATED

Most Popular of Football

Most Popular of Sport