BEC-TERO TV

ပေးရတဲ့လစာနဲ့ ထိုက်တန်မှု မရှိတဲ့ဆန်းချက်ကို အငှားချဖို့ စီစဉ်နေတဲ့ ဆိုးရှားလ်

13 Mar 2019     1,274 Views


ဒီဇန်နဝါရီမှ အိုထရက်ဖိုစ် ကိုပြောင်းရွှေ့ လာတဲ့ ဆန်းချက်ကို နည်းပြ ဆိုးရှားလ်က အငှားချဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။ ဆိုးရှားရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လာခဲ့ပြီး အသင်းမှတောင်ပံကစားသမား ဆန်းချက်အစား မာရှယ်ကိုသာ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဟာ ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း သွင်းဂိုး ၅ ဂိုးအထိသာ သွင်းယူနိုင်ကာ ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ထို့အတူ ရရှိ တဲ့ လစာ ငွေ နဲ့ ထိုက်တန် တဲ့ ခြေစွမ်း ကောင်း မပြသနိုင်သေး တဲ့ ချီလီစတားဟာ အိုထရက်ဖို့စ် မှ ထွက်ခွာ ဖို့ သတင်း တွေထွက်နေခဲ့ပါသေးတယ် နေခဲ့တယ်။

အာဆင်နယ်အသင်းရဲ့  ကစားသမားဟောင်း ရေပါလာက “ ယူနိုက်တက်မှ ဆန်းချက်နဲ့ ရီးရဲလ်အသင်းမှ ဂါရတ်ဘေးလ် နဲ့ အလဲအထပ် ပြုလုပ်သင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။

အလက်ဆစ်ဟာ အခုတော့ သိပ်ပြီး အသုံးမတည့်တော့ပါဘူး ။ ကျွန်တော်သာ ဆိုရင် ရီးရီးလ်ကို သွားရောက်ပြီး ဘေးလ် နဲ့ ကစားသမား အလဲအထပ်လုပ်ဖို့ မေးမြန်းသွားမှာပါ။ နှစ်ယောက်လုံးဟာ လစာ ၊ ပြောင်းရွှေ့ကြေး ခြားနားမှုအရမ်းမကြီးမားကြဘူးလေ ” လို့ ရေးပါလာ က အကြံပြုသွားခဲ့တာပဲ ဖြစ် ပါတယ်။

ယူနိက်တက်အသင်းဟာ အလက်ဆစ် ဆန်းချက်ကို အပိုဘောနပ်စ်နဲ့ တစ်ပါတ်လုပ်ခ ပေါင် ၅ သိန်းခန့်ပေးချေနေရတယ်လို့သိရပါတယ်။


13 Mar 2019     1,274 Views




RELATED

Most Popular of Football

Most Popular of Sport