BEC-TERO TV

၄ နှစ်သမီးအား အဓ္ဓမပြုကျင့်မှုပြီး တိမ်းရှောင်နေသူ ဝရမ်းပြေးဘုန်းကြီး ဖမ်းဆီးရမိ

14 Mar 2019     1,293 Views


ထိုင်းနိုင်ငံ ကချနာဘူရီတွင် အသက် ၄ နှစ်အရွယ် မူကြိုကလေးအား အသက် ၇၄ နှစ်အရွယ် ဘုန်းကြီးတစ်ပါးက တစ်ကြိမ်မက အဓ္ဓမပြုကျင့်မှုနဲ့ မတ်လ ၁၂ ရက် အင်္ဂါနေ့က ဖမ်းဆီးလိုက်ပါတယ်။
 
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ‘ဒန်ခုသူ’ ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးတစ်ဦးတည်းရှိနေချိန်ကို အခွင့်ကောင်းယူကာ ဘုန်းကြီး ‘ဖရာသာကောင်ခွမ်ဒီး’ က ကျူးလွန်ခဲ့တာဖြစ်ပြီး ကလေး၏ အမူအယာပျက်နေသဖြင့် ဖခင်ဖြစ်သူက မေးမြန်းကြည့်ရာမှ အကြောင်းစုံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
 
ဖခင်ဖြစ်သူက ရဲတိုင်ကြားခဲ့ပြီး ရဲစခန်းက သွားရောက်ဖမ်းဆီးရာမှာ ဘုန်းကြီးမှာ တိမ်းရှောင် ထွက်ပြေးလွတ်မြောက် သွားခဲ့ခြင်းဖြစ်သည်။
 
 
ဘုန်းတော်ကြီးအား ရှာဖွေဖမ်းဆီးစစ်ဆေးရန် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က Paholpolpayuhasena ဆေးရုံးရှေ့တွင် တွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
 
ဘုန်းကြီးဟာ ရဲတွေ စစ်ဆေးမေးမြန်းသမျှ မေးခွန်းတွေကို ဖြေဆိုရန် ငြင်းပယ်ခဲ့တာကြောင့် သိပ်မကြာခင်မှာ အနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ဝင်ကာ လူဝတ်လဲစေပြီးနောက် ဆန်ခဘူရီ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရှိရသည်။ 
 
ဘုန်းကြီးကို အသက် ၁၃ နှစ်အောက် ကလေးအား မုဒိန်းကျင့်မှု၊ အသက် ၁၅ နှစ်အောက် ကလေးအား မိဘများမသိပဲ ဖြားယောင်းသွေးဆောင်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 


14 Mar 2019     1,293 Views




RELATED

Most Popular of Special or Others

Most Popular of NEWS