BEC-TERO TV

ကိုယ်လုံးတီးချွတ် ကားလမ်းမပေါ် တက်ကနေသော လိင်ပြောင်းသူအား ထိန်းသိမ်း(ရုပ်သံ)

14 Mar 2019     15,437 Views


မတ်လ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လူစည်ကားရာ ‘ဘူကစ်ဘင်တန်’ လမ်းမပေါ်တွင် အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတစ်ဦး အဝတ်အစားမပါပဲ ကာလမ်းမပေါ်ထွက်ကနေပြီး ကားခေါင်မိုးများပေါ်သို့ပါ တက်ကနေသဖြင့် ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရှိရသည်။
 
 
လိင်ပြောင်းထားသူဟာ အသက် ၃၀ ဝန်းကျင် ဖိလစ်ပိုင်လူမျိုး ဖြစ်ပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က တက္ကစီကားတစ်စီးပေါ်မှ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ထွက်လာခဲ့ပါတယ်၊ အဲဒီနောက်မှာ အောက်ပိုင်းကိုပါ ချွတ်ချခဲ့ပြီး မီးပွိုင့်လမ်းဆုံတွင် ကိုယ်လုံးတီးချွတ်ကနေခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်သံဟာ WeChat မှတစ်ဆင့် အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
 
မလေးရှားရဲများက သူ့ကိုထိန်းသိမ်းခဲ့ပြီး စိတ်ကျန်းမာရေး စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

14 Mar 2019     15,437 Views




RELATED

Most Popular of Special or Others

Most Popular of NEWS