BEC-TERO TV

ကင်ဂျုံအန် အစ်ကိုဝမ်းကွဲ လုပ်ကြံခံရမှုမှ ဗီယက်နမ်အမျိုးသမီးအား ဆက်လက်ဖမ်းဆီး

14 Mar 2019     1,296 Views


၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန် ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ‘ကင်ဂျုံနမ်’ အား အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုအတွက် သံသယတရားခံများအဖြစ် အမျိုးသမီးနှစ်ဦး ဖမ်းဆီခံခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံသူအား အမှုမှ တရားသေခွှတ်ပေးခဲ့ပေမယ့် ဗီယက်နမ်အမျိုးသမီးအား အမှုမှ လွှတ်ပေးရန် တရားရုံးက ပယ်ချလိုက်ပြီး ဆက်လက်ဖမ်းဆီးထားကြောင်း သိရှိရသည်။
 
 
Don Thi Huong
 
အမှုကို တစ်နှစ်ခွဲကျော်ကြာစစ်ဆေးခဲ့ပြီးနောက် သံသယတရားခံအဖြစ် ဖမ်းဆီခံရသူနှစ်ဦးတွင် အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ တရားသေလွှတ်ပေးခဲ့သော်လည်း အသက် ၃၀ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ Don Thi Huong ကို လွှတ်ပေးရန် မလေးရှားအာဏာပိုင်များက ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
 
ပြီးခဲ့တဲ့ တနင်္လာနေ့က အမှုတွင် အတူပါဝင်ပက်သက်ခဲ့သူ အင်ဒိုနီးရှားနိုင်ငံသူအား လွှတ်ပေးခဲ့ပြီးနောက် သူလည်းလွတ်နိုင်တယ်လို့ အကြီးကြီးမျှော်လင့်ထားခဲ့ပေမယ့် အယူခံပယ်ချခံရပြီး ဆက်လက်ဖမ်းဆီးခံထားရတာကြောင့် ပူဆွေးဝမ်းနည်းစွာနဲ့ ရဲမေများ ခြံရံလျှက် တရားရုံးထဲက ထွက်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ သူမလွတ်မြောက်ရန် ဗီယက်နမ်နိုင်ငံသားများ ဝိုင်းဝန်းဆုတောင်းပေးကြဖို့လည်း ပြောကြားခဲ့ပါတယ်။
 
 
Siti Aisyah
 
Don Thi Huong ရဲ့ ရှေ့နေက သူမလွတ်မြောက်ဖို့အတွက် ဒုတိယအကြိမ် အယူခံဝင်ခဲ့ပေမယ့် အခုလိုဆုံးဖြတ်ခဲ့တဲ့အပေါ် မလေးရှားနိုင်ငံရဲ့ တရားစီရင်ရေးအပေါ် ယုံကြည်ချက်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရှေ့နေများရဲ့ အဆိုအရ ‘ကင်ဂျုံနမ်’ ကိုလုပ်ကြံသူများဟာ မြောက်ကိုရီးယားလူမျိုး ၄ ဦးဖြစ်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်ခဲ့ကာ လုပ်ကြံမှုအောင်မြင်ပြီးမြောက်တာနဲ့ တပြိုင်နက် မလေးရှားနိုင်ငံကနေ ထွက်ပြေးသွားကြောင်း ထွက်ဆိုခဲ့ပါတယ်။
 
အမျိုးသမီးနှစ်ဦးမှာ လုပ်ကြံမှုတွင် ဓါးစာခံများဖြစ်ခဲ့ကြပြီး ရုပ်သံအစီစဉ်ရိုက်ကူးတယ်လို့ ထင်ရအောင် အချိန်အကြာကြီးယူ သိမ်းသွင်းခဲ့ပြီးမှ လုပ်ကြံမှုကို စနစ်တကျ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
 
အင်ဒိုနီးရှားဘက်ကတော့ Aisyah ကို လွှတ်ပေးခဲ့တာနဲ့ ပက်သက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး တည်တံ့စေခဲ့ပေမယ့် ဗီယက်နမ်ဘက်ကတော့ Don Thi Huong လွတ်မြောက်ရေးအတွက် မလေးရှားကို ဖိအားတွေ ပေးလာကြောင်း သိရှိရသည်။
 

14 Mar 2019     1,296 Views




RELATED

Most Popular of International News

Most Popular of NEWS