BEC-TERO TV

အဆိုတော်တွေရဲ့ လိင်အကြမ်းဖက်မှုကိုဖော်ထုတ်ခဲ့တဲ့ အမျိုးသမီးသတင်းထောက် ဖြစ်ရပ်အမှန်ကိုပြောကြား

14 Mar 2019     1,324 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်များ ဟာ  Kakaotalk က Group Chat မှာ မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားပြီး တစ်ယောက်နဲ့ တစ်ယောက်ဝေမျှခဲ့ကြပါတယ်။ လက်ရှိမှာ Group Chat ထဲပါဝင်သူတွေအဖြစ် Jung Joon Young ၊ Seungri ၊ Choi Jong Hoon တို့ဖြစ်တယ်လို့ SBS သတင်းဋ္ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအကြောင်းအရာတွေကို စုံစမ်းဖော်ထုတ်ခဲ့သူကတော့ SBS သတင်းဋ္ဌာနက အမျိုးသမီးသတင်းထောက် Kang Kyung Yoon ဖြစ်ပါတယ်။ Kang ဟာ နာမည်ကြီးအဆိုတော်တွေ တက်သစ်စ အဆိုတော်မိန်းကလေးများနဲ့ တက္ကသိုလ်ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာထိပါးခဲ့တဲ့ အကြောင်းအရာများကို ၂၀၁၅ ခုနှစ်ကတည်းက စတင်သိရှိခဲ့တာဖြစ်ပါတယ်။

Seungri ဟာ 2015 ကတည်းက Seung-tsy အမည်ရတဲ့ Sexual Escort Service (သူဋ္ဌေးတွေအတွက် အပျော်မယ်ရှာပေးခြင်း) တစ်ခု ကို စတင်ခဲ့တာဖြစ်ပါတယ်။ 2016 မှာတော့ Burning Sun Club နဲ့ပူးပေါင်းပြီး အပျော်မယ်ရှာပေးတဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်လာခဲ့ပါတယ်။

 Kang က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက အဆိုတော်တွေရဲ့ Chatroom ကိစ္စနဲ့ပတ်သတ်ပြီး သတိထားမိခဲ့တာပါ။ အစက သံသယထားရှိတဲ့အဆင်ပဲ ရှိပေမယ့် ဆက်လက်တူးဖော်ရင်း သူတို့ရဲ့ ရွံစရာကောင်းတဲ့ အကျင့်စရိုက်တွေကိုပါသိရှိခဲ့ရတယ်လို့ပြောထားပါတယ်။ Chat room ထဲမှာ ရှိတဲ့ လူတွေဟာ သူတို့မျက်စိကျတဲ့ အသက် ၂၀ ဝန်းကျင် တက်သစ်စအဆိုတော် (သို့) တက္ကသိုလ်ကျောင်းသူတွေကို အရက်အတူသောက်ဖို့ အရင်ခေါ်ကြပြီး အရက်ထဲ ဆေးခတ်ကာ အဓမ္မပြုကျင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါနဲ့မပြီးသေးပါဘူး သူတို့  အဓမ္မပြုကျင့်ထားတဲ့ ဗွီဒီယိုဖိုင်တွေကို Group Chat ထဲမှာ Share ပြီး ဟာသလုပ်ပြောဆိုနေကြတာပါ။

သူတို့ဆီမှာ ဘဝပျက်သွားရတဲ့ မိန်းကလေးအရေအတွက်တစ်ဆထက်တစ်ဆပိုများလာပြီး သတင်းထောက် Kang ကိုအကူအညီတောင်းလာကြပါတယ်။ Kang ဟာ ဒီအကြောင်းအရာတွေကို အလုံးစုံသိနေခဲ့ပေမယ့် ဖော်ထုတ်နိုင်ဖို့ အချိန်ကောင်းတစ်ခုကို စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။

“အဆိုတော်တွေ ဆိုတာပရိတ်သတ်တွေချစ်ခင်ရတဲ့သူတွေဆိုရင်လဲမမှားပါဘူး။ ဒီအမှုကြီးမှာ ပါဝင်နေတဲ့ အဆိုတော်တွေရဲ့ ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်မယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မလဲမတတ်နိုင်ဘူး သူတို့ ကြောင့်နစ်နာခဲ့ရသူတွေအတွက် မတရားသလိုခံစားမိလို့ဖော်ထုတ်ဖြစ်ခဲ့တာပါ”  ပရိတ်သတ်တွေကို Kang က တောင်းပန်ထားပါတယ်။

ဆက်လက်ပြီး Kang က “ဒီလူတွေဟာ မိန်းကလေးတွေကို Game တစ်ခုလို သတ်မှတ်ပြီးကစားနေတာ။ သူတို့ အေဂျင်စီကိုယ်စီက မိန်းကလေးတွေနဲ့ Group Chat ထဲက လူတွေကိုအပြင်မှာမိတ်ဆက်ပေးကြတယ်။ ပြီးရင် အရက်တိုက်ပြီး မုဒိန်းကျင့်မယ်၊ ဒါဟာ သူတို့ အတွက် မဖြစ်မနေလုပ်ရမယ့် Mission လိုသဘောထားပြီး လုပ်နေကြတာ” လို့ပြောခဲ့ပါတယ်။

အဆိုတော်များဟာ လူကြိုက်များတယ်၊ လူချစ်လူခင်များတယ် ငါတို့ဘာလုပ်လုပ် ဘယ်သူမှအပြစ်မမြင်ပါဘူး ဆိုပြီး လုပ်ချင်တာလုပ်ကြတာမျိုးက မဖြစ်သင့်ဘူးဆိုတာ သတင်းထောက် Kang က ထုတ်ဖော်ပြသလိုက်နိုင်ပြီပဲဖြစ်ပါတယ်။ သူမသာ ဒီအချိန်မှာ မထုတ်ဖော်လိုက်ရင် နောက်ထပ်မိန်းကလေးတွေ ဒီလိုကောင်တွေရဲ့ သားကောင်ဖြစ်နေဦးမှာပါ။ သတင်းထောက် အမျိုးသမီး Kang Kyung Yoon ရဲ့ လုပ်ရပ်တွေဟာလေးစားဖွယ်အတိပါပဲ။

(ပိုပိုလေး)

 

 

 


14 Mar 2019     1,324 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS