BEC-TERO TV

ချန်ပီယံလိဂ် ကွာတားအဆင့်မှာ နိုင်ငံအသင်းဖော် ရော်နယ်ဒို နဲ့တွေ့ ဆုံချင်တယ်လို့ ပြောခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား

14 Mar 2019     1,281 Views


မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက နောက်တစ်ဆင့် ကွာတားဖိုင်နယ်မှာ နိုင်ငံအသင်းဖော် ရော်နယ်ဒို ကစားနေတဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ တွေ့ ဆုံဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းသည် ရှော့ကေးအသင်းကို ၇-၁ ဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းက ရော်နယ်ဒို ရဲ့ ဟက်ထရစ်ဂိုးနဲ့ အက်သလက်တီကို အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာ ရော်နယ်ဒိုက ချန်ပီယံလိဂ် (၅၂) ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ ရိုးသားစွာ ဝန်ခံရရင် ရော်နယ်ဒိုနဲ့ ပြန်လည် ရင်ဆိုရရင်တော့ ပျော်မိမှာပါ ၊ ဘာလို့ဆိုတော့ နှစ်ဖက်က အသင်းကြီးဆိုတော့ ပွဲကောင်းတစ်ပွဲကို ကစားရမှာလေ ၊ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ မက်စီ ၊ရော်နယ်ဒို တို့နဲ့ ကစားဖို့က ကျွန်တော့ ဆန္ဒလေ ” လို့ပြောပါတယ်။

မန်စီးတီး နည်းပြ ဂွိဒီယိုလာကတော့ “အခုချိန်မှတော့ သူရဲ့  ကစားသမား ဘာနာဒိုဆေးလ်ဗားကသာ နိုင်ငံအသင်းမှာ အကောင်းဆုံးဖြစ်တယ် လို့ဆိုပါတယ်။ ဟုတ်ပါတယ် ရော်နယ်ဒို ၁၅ နှစ်တာ ကာလမှာ သူပဲအကောင်းဆုံးဖြစ်ခဲ့တာပါ။ ဆုတံဆိပ်တွေအရလည်း ယှဉ်နိုင်ဖို့မလွယ်ပါဘူး ” လို့ဆိုပါတယ်။

ဘာနာဒိုဆေးလ်ဗားက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ မန်စီးတီးအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၅ အထိရှိနေမှာဖြစ်ပါတယ်။


14 Mar 2019     1,281 Views




RELATED

Most Popular of Football

Most Popular of Sport