BEC-TERO TV

အဆဲမခံချင်တော့လို့ ဒီနှစ်အကယ်ဒမီပေးပွဲကို မတက်တော့ဘူးဆိုတဲ့ ဖြူဖြူထွေး

14 Mar 2019     1,912 Views


ဖြူဖြူထွေးကိုတော့ ပရိသတ်ကြီးက ကျောင်းကပွဲဗီဒီယိုဖိုင်တစ်ခုကနေ စတင်သိရှိခဲ့တာပဲဖြစ်ပါတယ်။ ကျောင်းကပွဲမှာ မြန်မာဝတ်စုံဝတ်ပြီး ခပ်ဟော့ဟော့ကပြဖျော်ဖြေခဲ့မှုတို့ကြောင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား  ဖြူဖြူထွေးရဲ့ဗီဒီယိုက အတော်လေးပျံ့နှံ့သွားတာဖြစ်ပြီး ဝေဖန်ခံရမှုတွေနဲ့အတူ ဖြူဖြူထွေးတစ်ယောက် နာမည်ကြီးဆယ်လီဖြစ်လာတာဖြစ်ပါတယ်။

သီချင်းသံကြားရင်ကို မရိုးမရွဖြစ်လာတဲ့အထိ အက၀ါသနာပိုးပါသူလေး ဖြူဖြူထွေးကတော့ ခပ်မိုက်မိုက်ကပြထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးတွေ၊ ပီပီပြင်ပြင်သရုပ်ဆောင်ပြထားတဲ့ ရုပ်တူဗီဒီယိုလေးတွေကို တင်ရင်း အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုရင် သူမဟာကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီဖြစ်သလို၊ သီချင်းဗီဒီယိုတွေမှာပါဝင်သရုပ်ဆောင်ရင်း အကမယ်အဖြစ်ပါ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီဖြစ်ပါတယ်။ အမြဲဆိုသလို မြန်မာဆန်ဆန်လေးဝတ်စားပြီး ပါးကွက်ကြားလေးနဲ့ ချစ်စရာကောင်းသူလေးဖြစ်နေတာကြောင့် ဖြူဖြူထွေးကို အားပေးချစ်ခင်ကြသူပရိသတ်တွေလဲ ပိုပိုတိုးလို့လာပါပြီ...

တက်သစ်စအနုပညာရှင်လို့ဆိုရမယ့် ဖြူဖြူထွေးဟာဆိုရင် ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်ဖို့ဖိတ်ကြားထားခြင်းခံရပြီး သူမအနေနဲ့ အကယ်ဒမီပွဲကို မတက်ရောက်ဖြစ်ဘူးလို့ဆိုလာပါတယ်။ မနှစ်ကအကယ်ဒမီပေးပွဲကို ဖြူဖြူထွေးဟာ အနီရောင်ဖက်ရှင်လေးနဲ့တက်ရောက်ခဲ့တာဖြစ်ပြီး သူမအကယ်ဒမီပွဲကိုတက်ရောက်ခဲ့တာနဲ့ပတ်သက်လို့ ပရိသတ်တွေကြား ဝေဖန်မှုတွေသောသောညံခဲ့သလို ဆဲရေးပြောဆိုမှုတွေလည်းပြင်းထန်စွာထွက်ပေါ်ခဲ့ပါတယ်။ သူမကိုဆဲရေးတိုင်းထွာပြောဆိုမှုတွေ အဆမတန်ခံခဲ့ရတာကြောင့် ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ အဆဲမခံချင်တော့လို့ တက်ရောက်ဖို့မသေချာတော့ဘူးလို့ ဆိုလာတာပဲဖြစ်ပါတယ်။

ဖြူဖြူထွေးက မီဒီယာတစ်ခုရဲ့အင်တာဗျူးမှာ “အခုနှစ်တော့ တက်ဖြစ်မလားမသိသေးပါဘူး။ မတက်ဖြစ်ရင်တော့ အိမ်ကနေပဲအားပေးတော့မယ်။ အရင်နှစ်ကအားပေးချင်ရုံသက်သက် အကယ်ဒမီပွဲတက်တုန်းက အရမ်းပြောကြတယ်၊ ဆဲကြတယ်။ အရင်လိုတော့အဆဲမခံတော့ဘူးလေ၊ အိမ်ကပဲ အားပေးဖြစ်ဖို့များပါတယ်” ဆိုပြီး စိတ်မကောင်းစွာပြောကြားသွားခဲ့ပါတယ်။

Source_MC

(ပိုပိုလေး)


14 Mar 2019     1,912 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment