BEC-TERO TV

Seungri ငွေမဲသူဋ္ဌေးတွေအတွက် အပျော်မယ်ရှာပေးခဲ့တယ်ဆိုတာ အမှန်ဖြစ်နေ

15 Mar 2019     1,320 Views


တောင်ကိုရီးယား နာမည်ကြီးအဆိုတော်အဖွဲ့ Big Bang မှအဖွဲ့ဝင် Seungri ဟာ ငွေမဲသူဋ္ဌေးတွေအတွက် တရားမဝင်အပျော်မယ်ရှာပေးနေတယ်ဆိုတဲ့ သတင်းဟာ အမှန်ပဲ ဆိုတာ ရဲဋ္ဌာန မှအတည်ပြုလိုက်ပါပြီ။ Seungri ရဲ့ ပရိတ်သတ်တွေဟာ ဒီကိစ္စနဲ့စပ်လျဉ်းပြီး ချောက်ချခံနေရတယ်လို့ ထင်နေတုန်းပါ။ အမှန်ကမဟုတ်ခဲ့ပါဘူး။

Seungri တစ်ယောက် 2014 ခုနှစ်ကတည်းက အပျော်မယ်ရှာပေးတဲ့ အလုပ်ကိုလုပ်နေခဲ့တာပါ။ သူဋ္ဌေးတွေကို အပျော်မယ်ပုံတွေပို့ပြီး သူမရဲ့ စွမ်းဆောင်ရည်တွေကိုပါ မိတ်ဆက်ပေးတဲ့ Seungri ရဲ့ မက်ဆေ့ခ်ျတချို့ကို ရဲဋ္ဌာနမှ ထုတ်ဖော်လိုက်ပါပြီ။ မက်ဆေ့ခ်ျမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

Seungri : မိန်းကလေး ၁ ကတော့ စကားမကြွယ်ဘူး ဒါပေမဲ့ ပိုက်ဆံကြိုက်တယ်၊ သူမကသိပ်မသောက်နိုင်ဘူး ဒါပေမဲ့ သူမရုပ်ကတော့ အလန်းပဲ

Seungri : မိန်းကလေး ၃ ကတော့ ရုပ်လဲချောတယ် ဆက်ဆံရေးလဲပြေပြစ်တယ်၊ သောက်ပြီးရင်ကောင်းလာရော

CEO A: မိန်းကလေး ၄ ကရော ၊ ၂ ရယ် ၄ ရယ် ၅ ရယ်က အခြေအနေဘယ်လိုရှိလဲ ?

CEO A: မိန်းကလေး ၁ ကို ထုတ်လိုက် ၂ ,၄, ၅ ကိုယူမယ် နောက်ထပ်အသစ်လေးတွေပြပါဦး

CEO A: မိန်းကလေး ၃ လိုမျိုးနောက်ထပ်မရနိုင်ဘူးလား?

Seungri : မိန်းကလေး ၅ လဲမဆိုးပါဘူး

ဒါကတော့ ပထမ Chat room ပဲဖြစ်ပါတယ်။ ဒုတိယ Chat room ကတော့

Seungri : သူဋ္ဌေးမင်းခင်ဗျား ဘယ်လိုစတိုင်မျိုးကိုကြိုက်နှစ်သက်ပါသလဲ?

CEO A: အရှေ့တောင်အာရှက ယောင်္ကျားသားတွေက အသားဖြူတဲ့မိန်းကလေးကို ကြိုက်တယ် အပြစ်ကင်းတဲ့ပုံစံမျိုးလေး ဥပမာ Girl group ထဲက အဆိုတော်လေးတွေလိုပေါ့ ၊ အရပ် ၁၆၀ စင်တီမီတာလောက် ပိန်ပြီး အချိုးအစားလှရမယ် ဆွဲဆောင်မှုရှိရင်ပိုကောင်းတာပေါ့။

CEO A: အင်ဒိုနီးရှားကိုခေါ်သွားမယ်ဆိုတာရော မိန်းကလေးတွေကိုပြောထားလား?

Seungri: ပြောထားပါတယ်

CEO A: နှစ်ည သုံးညလောက်တော့ ကြာမယ်နော် ၊ ငွေ ၁၀ သန်းပေးမယ် နည်းသေးလား?

Seungri : တစ်ယောက်ကို ငွေ ၁၀ သန်းလား? ဒီလောက်ဆိုကျေနပ်ပါပြီ။

Seungri ဟာ တရားမဝင်ပဲ အပျော်မယ်တွေကို ပြည်ပပို့ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ သတင်းဋ္ဌာနတွေကို ပရိတ်သတ်တွေက Seungri ကိုစွပ်စွဲပြောဆိုတာတွေ ရပ်ဖို့ တောင်းဆိုတာမျိုးတွေရှိနေတဲ့အတွက် သက်သေအထောက်အထားနဲ့ ထုတ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။ ဒီလောက်ကို သူ့မျက်နှာဖုံးလဲ ကွာကျသွားပြီမို့ သူဘယ်လိုလူလဲဆိုတာ သိသင့်ပြီထင်ပါတယ်။

(ပိုပိုလေး)


15 Mar 2019     1,320 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS