BEC-TERO TV

လွန်ခဲ့တဲ့ ၄ နှစ်ကYoona ကိုထိပါးဖို့ကြိုးစားခဲ့တဲ့ Lee Jong Hyun ရဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းမှာပြန့်နေ

15 Mar 2019     1,462 Views


တောင်ကိုးရီးယား နာမည်ကြီး Band မှ အဆိုတော် Lee Jong Hyun ဟာ ယမန်နေ့ SBS သတင်းရဲ့ထုတ်ပြန်ချက်အရ မိန်းကလေးငယ်များကို ထိပါစော်ကားမှုမှာပါဝင်ပတ်သတ်လို့နေပါတယ်။

လက်ရှိ မုဒိန်းမှုနဲ့ စစ်ဆေးခံနေရတဲ့ Jung Joon Young နဲ့ ပတ်သတ်မှုတွေရှိနေပြီး Lee Jong Hyun က Jung Joon Young ကို သူနဲ့အတူအိပ်ပေးဖို့ မိန်းကလေး ရှာခိုင်းခဲ့တာပဲဖြစ်ပါတယ်။

Lee Jong Hyun နဲ့ Jung Joon Young တို့ Chat ထားတဲ့ message မှာညစ်ညမ်းစကားတွေပါဝင်ပြီး ပြည်သူအများထိတ်လန့်ခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Lee Jong Hyun ဟာ ရုပ်ရှည်ချောမောပြီး လူအများချစ်ခင်နှစ်သက်ရတဲ့အဆိုတော် တစ်ဦးဖြစ်နေတဲ့အတွက် မိန်းကလေးတွေကို ထိပါစော်ကားတတ်တဲ့ လူတစ်ယောက်ဖြစ်နေခဲ့မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။

လက်ရှိမှာ Lee Jong Hyun ရဲ့သရုပ်မှန်လဲပေါ်သွားပြီမို့ တစ်ချိန်က သူ့ရဲ့ အကျင့်စရိုက်တွေကို တူးဖော်ကြည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် Gayo Daejun ဆုပေးပွဲမှာ Lee Jong Hyun က Girls’ Generation မှအဖွဲ့ဝင် Yoona ရဲ့တင်ပါးကို မတော်တဆထိမိသလို ပြုမူခဲ့တာဖြစ်ပါတယ်။ ဒါကို သိသွားတဲ့ Yoona က နောက်ကိုတစ်ချက်လှည့်ကြည့်ပြီး ရှေ့ကို မြန်မြန်လျှောက်သွားခဲ့တာဖြစ်ပါတယ်။

Yoona ပြီး ထိပါးခံရတဲ့ girl idol ကတော့ AOA မှ Hyejeong ပါ။ Hyejeong ကိုလဲ မတော်တဆထိမိသလိုနဲ့ သိသိသာသာ Hyejeong ရဲ့ရင်သားကို ကိုင်တွယ်ဖို့ကြိုးစားခဲ့ပါတယ်။

Lee Jong Hyun ဟာပရိတ်သတ်တွေ ချစ်ရတဲ့ idol တစ်ဦးဖြစ်ပေမဲ့ ခုလိုအကျင့်မျိုးတွေရှိနေခဲ့တယ်ဆိုတာ ပရိတ်သတ်မသိခဲ့ပါဘူး။ ခံခဲ့ရတဲ့ မိန်းကလေးတွေကပဲ သိပါလိမ့်မယ်။ သူ့ရုပ်လေးနဲ့ ထင်ရက်စရာမရှိဘူးဆိုပြီး နိုင်ငံတကာ ပရိတ်သတ်တွေကို ကိုးရီးယားပရိတ်သတ်တွေကပါ ပြောဆိုနေကြပြီဖြစ်ပါတယ်။

(ပိုပိုလေး)

 

 


15 Mar 2019     1,462 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS