BEC-TERO TV

တက်သစ်စအဆိုတော်မလေးတွေကို သူနဲ့အတူအိပ်ပါက ပွဲဦးထွက်ဖို့ကူညီပေးမည်ဟု ဂျောင်ဂျွန်ယောင်းပြောကြားခဲ့

18 Mar 2019     1,363 Views


တောင်ကိုးရီးယားနိုင်ငံရှိ ရော့ခ်အဆိုတော် ဂျောင်ဂျွန်ယောင်းဟာ ငယ်ရွယ်တဲ့ အမျိုးသမီးအချို့ကို အလိုမတူပဲ ကာမစော်ကားမှုဖြင့် ရဲထံမှာ စစ်ဆေးခြင်းခံယူနေရတာပဲဖြစ်ပါတယ်။

ဂျောင်ဂျွန်ယောင်းဟာ မိန်းကလေးတွေကို ဆေးခတ်ကာ အလိုမတူကာမဆက်ဆံတာကို ဗွီဒီယိုရိုက်ထားပြီး Group Chat မှာအဆိုတော် သူငယ်ချင်းတွေနဲ့အတူ ဝေမျှခဲ့ပါတယ်။ ဝေမျှရုံသာမက ညစ်ညမ်းစကားတွေပါ ပြောထားပြီး မိန်းကလေးတွေကို စော်ကားထားတဲ့အတွက် လက်ရှိမှာတော့ Group Chat ထဲမှာပါဝင်တဲ့ အဆိုတော်တွေပါ တရားရုံးမှာစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေဟာ ၂၀၁၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ဂျောင်ဂျွန်ယောင်းရဲ့ kakaotalk မှ မက်ဆေ့ခ်ျများကို SBS သတင်းဋ္ဌာန မှ ထုတ်ဖော်လိုက်ပြီး လူအများသိသွားခဲ့တာဖြစ်ပါတယ်။ SBS ဟာအရင်နေ့တွေက ဂျောင်ဂျွန်ယောင်းနဲ့ သူငယ်ချင်းများပြောဆိုထားတဲ့ ညစ်ညမ်း စာများကို ဖော်ပြခဲ့ပြီး ဂျောင်ဂျွန်ယောင်းတစ်ယောက် မိန်းကလေးငယ်တွေကို သူ့ဘက်ပါအောင် ဘယ်လို စည်းရုံးသလဲဆိုတာကိုပါဖော်ပြလိုက်ပါတယ်။

ဂျောင်ဂျွန်ယောင်းရဲ့ kakaotalk မှ မက်ဆေ့ခ်ျအရ တက်သစ်စအဆိုတော်မိန်းကလေးတစ်ဦးကို သူနဲ့အတူအိပ်ပါက အမြန်ဆုံးပွဲဦးထွက်နိုင်ဖို့ ကူညီပေးပါမယ်ဆိုပြီး စတင်စည်းရုံးခဲ့တာပါ။

SBS သတင်းဋ္ဌာနက နစ်နာသူမိန်းကလေးကို အရှက်မရစေရန်အတွက် နာမည်ကို မဖော်ပြခဲ့ပါဘူး။ သို့ပေမဲ့ တက်သစ်စအဆိုတော်တွေအပေါ် နာမည်ကြီးအဆိုတော်တွေက ဒီလိုပြုမူနေတာကို နောက်လာမယ့် အဆိုတော်လေးတွေ ဆင်ခြင်သိမြင်နိုင်စေရန် ဒီလိုအကြောင်းအရာမျိုးကို ဖော်ပြခြင်းဖြစ်တယ်လို့သိရပါတယ်။

(ပိုပိုလေး)

 


18 Mar 2019     1,363 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS