BEC-TERO TV

ဂျိမ်း ရိုထရီဂွတ်စ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ် ဟိုက်လိုက်

18 Mar 2019     1,305 Views


မနေ့က ဂျာမန်ဘွန်ဒလီဂါ ကလပ်ဘိုင်ယန်မြူးနစ်အသင်းဟာ မိန့်အသင်းကို ၆-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။အဆိုပါ ပွဲမှာ ရီးရဲလ်မက်ထရစ် အသင်းကစားသမားဟောင် ဂျိမ်း ရိုထရီဂွတ်စ် ဟာ ဘိုင်ယန်အတွက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူနစ်အသင်းဟာ ပွဲစတာနဲ မိန့်အသင်းကို အကောင်းဆုံး တိုက်စစ်ဆင် ဖိကစားပြီး  ၃ မိနစ်မှာတင် လီဝန်ဒေါ့စကီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ၃၃ ၊ ၅၁ ၊၅၅ မိနစ်မှာတော့ ကွင်းလယ်ကစားသမား ဂျိမ်း ကသွင်းယူပေးခဲ့ပါတယ်။၃၉ မိနစ်မှာ ကိုမန်းနဲ့ ၊  မိနစ် ၇၀ မှာ ထဗီးစ် က တို့က တစ်လုံးစီသွင်းယူပေးခဲကြပါတယ်။

ဘိုင်ယန်မြူနစ်အသင်းဟာ ဒီရာသီ ဘွန်ဒီလီဂါ အမှတ်ပေးဇယားမှာ  ဒေါ့မွန်အသင်းနဲ့အတူ ဦးဆောင်ထားနိုင်ပေမဲ့ ချန်ပီယံပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို ၁-၃ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဒါအတွက်ကြောင့် ပြည်တွင်းအမှတ်ပေးဇယားကို အရယူနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

 


18 Mar 2019     1,305 Views




RELATED

Most Popular of Football

Most Popular of Sport