BEC-TERO TV

ဆေးပညာရှင်တွေ အဖြေရှာမရသေးတဲ့ သွေးချွေးစီးထွက်ရောဂါ

18 Mar 2019     2,151 Views


ဘာဒဏ်ရာမှ မရှိပဲ ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုကနေ အလိုလျှောက် သွေးတွေယိုထွက်တဲ့ရောဂါဟာ ဆရာဝန်တွေကိုယ်တိုင် အဖြေရှာမရသေးတဲ့ ထူးဆန်းသော "Hematohidrosis" ရောဂါဖြစ်ပါတယ်။ 
 
ဒီရောဂါကို ချွေးသွေးထွက် ရောဂါလို့ အလွယ်ခေါ်နိုင်ပြီး ယနေ့ထက်တိုင် ကုရာနတ္တိဆေးမရှိတဲ့ ရှားပါးရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ချွေးသွေးထွက်ခြင်းဟာ သွေးတိုး ဒါမှမဟုတ် သွေးယိုစီးတဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။ အမျိုးသမီးတွေ အနေနဲ့ဆိုရင် ရာသီသွေးပေါ်ချိန်မှာ ဖြစ်တတ်ပါတယ်။
 
 
အဓိကအားဖြင့် စိတ်သောကဖိစီးမှု၊ ကြောက်စိတ်၊ ထိတ်လန့်စိတ်တွေ အစွန်းဆုံး ရောက်နေတဲ့ အချိန်တွေမှာ ဒီလိုချွေးသွေးတွေ ထွက်လာတတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဆံခြည်မျှင်သွေးကြောထဲက သွေးနီဥလေးတွေကို ချွေးဂလင်းတွေက စားပြီးနောက် ချွေးဖြစ်ပြန်စွန့်ထုတ်ရာမှာ သွေးရောင်ရှိတဲ့ ချွေးတွေထွက်လာတာဖြစ်ပါတယ်။
 
လက်၊ မျက်လုံး၊ ပါး၊ နှာခေါင်း နဲ့ နားတို့အပြင် ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာလည်း ထွက်တတ်ပါတယ်။ သွေးချွေးထွက်လာပြီဆိုရင် ပုံမှန်ချွေးထက်တာထက် ပိုပြီးတောက်တောက်ကျအောင် ထွက်တတ်ပါတယ်။ တစ်ခါတစ်ရံမှ ဖြစ်တာမျိုးက စိုးရိမ်စရာ မရှိပေမယ့် မကြာခဏဖြစ်လာရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ 
 
 
လက်ရှိမှာ အဆိုပါ သွေးချွေးရောဂါ "Hematohidrosis" အတွက် ဆေးမရှိသေးတာမို့ ဖြစ်ဖူးကြသူတွေအနေနဲ့ တတ်နိုင်သမျှ စိတ်ဖိစီးမှုနည်းအောင် ပြုပြင်နေထိုင်ဖို့သာ အရေးတကြီး လိုအပ်ပါကြောင်း ဝေမျှလိုက်ရပါတယ်။ 

18 Mar 2019     2,151 Views




RELATED

Most Popular of Health Fix

Most Popular of NEWS