BEC-TERO TV

ဂျပန်နိုင်ငံတွင် ပုရိလိင်္ဂပွဲတော် အံ့မခမ်းစည်ကားစွာကျင်းပ

18 Mar 2019     2,076 Views


ရိုးရာဘာသာရေးပွဲအဖြစ် နှစ်စဉ် မတ်လတွင် ကျင်းပမြဲဖြစ်သော ပုရိလိင်္ဂပွဲတော်ကို ဂျပန်နိုင်ငံ နာဂိုယာမြို့မြောက်ပိုင်း အီချီစီရင်စုတွင် မြို့ခံများနဲ့ အလည်လာရောက်သူများ အုပ်စုလိုက်စည်ကားသိုက်မြိုက်စွာဖြင့် အမျိုးသားလိင်အင်္ဂါသဏ္ဍန်ရှိသည့် အကြီးစားရုပ်လုံးကြွများကို ကိုင်ဆောင်ကာ လမ်းမများပေါ်တွင် ပျော်ရွှင်စွာ လှည့်လည်သွားခဲ့ကြပါတယ်။
 
 
 
များပြားလှသော လူထုကြီးက အရောင်အသွေးစုံလင်လှသည့် အမျိုးသားတန်ဆာပုံဖန်တီးထားသည့် ရုပ်လုံးကြွများ အစားအသောက်များကို ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပွဲတော်ကို “ဟိုနန်စိုင်း (Honen-sai)” ပွဲတော်အဖြစ် လူသိများကြသည်။
 
 
ဂျပန်အမြဲစိမ်းကျောက်ပန်းပင်နဲ့ ထွင်းထုထားပြီး ၂ မီတာလောက်ရှိတဲ့ အမျိုးသားလိင်တံ သစ်သားရုပ်တုကြီးကို သီးနှံအထွက်တိုးစေဖို့၊ စီးပွားလာဘ်လာဘတိုးစေဖို့နဲ့ မြေသြဇာကောင်းမွန်စေဖို့ စတာတွေအတွက် ပူဇော်ဆုတောင်းရန် ဘုံဗိမာန်ကြီးဆီကို သယ်ဆောင်သွားကြတာဖြစ်ပါတယ်။
 
 
ဒီပွဲမှာ အစားအသောက်တွေအားလုံးကို လိင်တံပုံစံပြုလုပ်ထားပြီး လာရောက်လည်ပတ် ကြည့်ရှုသူတွေကို ဝေမျှတာတွေ လုပ်ကြပါတယ်။ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ ပုံစံတူပစ္စည်းလေးတွေက ဒီပွဲမှာ လူကြိုက်အများဆုံးဖြစ်ပါတယ်။ 
 
 
 
ပွဲကို နှစ်စဉ် မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်ပြီး အဆိုပါ လိင်တံရုပ်တုကြီး တာဂါတာဗိမာန်ကို သယ်ဆောင်သွားမယ့် လမ်းကြောင်း တစ်လျှောက် သန့်ရှင်းစင်ကြည်စေရန် ဘုန်းကြီးတွေက ဆာရည်ပက်ဖြန်းထားကြပါတယ်။ သားသမီး လိုချင်သူတွေ၊ ချစ်သူလိုချင်သူတွေ၊ ကောက်ပဲသီးနှံပေါများလိုသူတို့က ဒီရုပ်တုကြီးကို ရှိခိုးဆုတောင်းခြင်းဖြင့် လိုရာဆုပြည့်စေတယ်လို့ အယူရှိကြပါတယ်။
 

18 Mar 2019     2,076 Views




RELATED

Most Popular of Special or Others

Most Popular of NEWS