BEC-TERO TV

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လန်ဒန် ၃ သုံးသင်းကို သတိပေးသွားခဲ့တဲ့ မာတစ်

18 Mar 2019     1,261 Views


မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား မာတစ်ကတော့ လန်ဒန်ကလပ်တွေဖြစ်တဲ့ ချလ်ဆီး ၊ အာဆင်နယ် ၊ စပါးအသင်းတို့ကို သတိပေးပြောသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးကြိုးစားလာမှာဖြစ်တာကြောင့် မည်သည်အသင်းကမဆို ချန်ပီယံလိဂ် အလွယ်တကူ ဝင်ခွင့် ရရှိမယ်လို့ မမျော်လင့်ကြနဲ့ လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၅ နေရာကနေ မှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ အပါတ်က အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး FA ဖလားကွားတားအဆင့်မှာလည်း ဝုလ်အသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှာ ထွက်ခဲ့ရပါတယ်။ ယခုရာသီ ဆိုးရှားလ် လက်ထက်မှာ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ  ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာက စပါးနဲ့ အဆင့် ၆ နေရာက ချဲလ်ဆီးအသင်းတို့ကြား ၄ မှတ်သာ ကွာဟနေပြီး အဆင့် ၃ နဲ့ အဆင့် ၄ ကလည်း ၁ မှတ်သာကွာဟနေပါတယ်။ ဒါကြောင့် လီဗာပူးလ် နဲ့ မန်စီးတီး တို့က ချန်ပီယံလိဂ် ဝင်ခွင့်အတွက် သေချာသလောက် ရှိနေတာကြောင့် လက်ကျန် ၂ နှစ်နေရာအတွက် ယူနိက်တက် ၊ ချလ်ဆီး ၊ အာဆင်နယ် ၊စပါး တို့က အပြိုင်ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။


18 Mar 2019     1,261 Views




RELATED

Most Popular of Football

Most Popular of Sport