BEC-TERO TV

မြန်မာအိမ်အကူကို လူမဆန်စွာနှိပ်စက်ခဲ့တဲ့ လင်မယား ထောင်ဒဏ်ကျခံရ

18 Mar 2019     1,294 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူ မြန်မာအမျိုးသမီးကို ရိုက်နှက်မှု၊ အန်ဖတ်များကို အတင်းဖိအားပေး စားခိုင်းမှု စတဲ့ နှိပ်စက်မှုပေါင်းများစွာနဲ့ စင်ကာပူအိမ်ရှင် ဇနီးမောင်နှံ လင်မယားနှစ်ဦးအား ထောင်ဒဏ်နဲ့ ငွေဒဏ်များကျခံစေရန် မတ်လ ၁၈ ရက်(ယနေ့)တွင် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
 
မြန်မာအိမ်အကူ “မိုးမိုးသန်း” (၃၁ နှစ်) ကို ၂၀၁၂ ခုနှစ်မှာ အိမ်ရှင်လင်းမယားက အမျိုးမျိုးသော နှိပ်စက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အိမ်ရဲ့ ဧည့်ခန်းမှာ မွေ့ယာချပြီး ခေါင်းအုံးမပါ၊ စောင်မပါဖြင့် နေ့စဉ် တစ်ရက်လျှင် အိပ်ချိန် ၆ နာရီအောက်မှာသာ အိပ်စက်ခဲ့ရပါတယ်။ ဒါအပြင် ထမင်းကိုလည်း ဟင်းမပါပဲ ထမင်းချည်းသက်သက်၊ ရံဖန်ရံခါ သကြားဖြူးပြီးသာ စားခဲ့ရပါတယ်။ အိမ်ရှင်တွေရဲ့ ပါးရိုက်မှု၊ ကြိမ်လုံးနဲ့ ရိုက်နှက်မှုတို့ကိုလည်း ခံခဲ့ရပါတယ်။
 
အိမ်ရှင်ဖြစ်သူ အမျိုးသား Tay Wee Kiat အသက် ၄၁ နှစ် အိုင်တီမန်နေဂျာဟောင်းက “မိုးမိုးသန်း” ကို ကြိမ်လုံးနဲ့ရိုက်မှု၊ တံမြက်စည်းနဲ့ရိုက်မှု၊ ထိုင်ထလုပ်ခိုင်းစဉ် နောက်ကနေ ခြေထောက်နဲ့စောင့်ကန်မှုတို့ နဲ့ အခြားအိမ်အကူ အမျိုးသမီးကို “မိုးမိုးသန်း” အား ပါရိုက်ရန် ခိုင်းစေခဲ့မှုတွေအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
 
အသက် ၄၃ နှစ်အရွယ် အိမ်ရှင်မ Chia Yun Ling ကိုတော့ ကျူးလွန်မှုပေါင်း ၁၅ ခုအတွက် ထောင်ဒဏ် ၃ နှစ်နဲ့ စင်ကာပူဒေါ်လာ ၄၀၀၀ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ 
အိမ်အကူ မိုးမိုးသန်း က သူအစာရေစာ မဝကြောင်း ပြောဆိုမိသည့်အတွက် အိမ်ရှင်မ Chia က ထမင်းနဲ့ သကြားများကို နယ်ဖတ်ပြီး မိုးမိုးသန်းရဲ့ ပါးစပ်ထဲကို ကန်တော့ထိုးကာ အတင်းထိုးသိပ်သွင်းခဲ့ပါတယ်။ 
ဒီလုပ်ရပ်ကြောင့် မိုးမိုးသန်း က အန်ချင်လို့ အိမ်သာကို ပြေးဝင်တဲ့အခါ သူမက ပလပ်စတစ်အိတ်ထဲ အန်ထည့်ဖို့ စေခိုင်းခဲ့ပါတယ်။ အဲဒီနောက် အန်ဖတ်တွေကို ပြန်စားရန် အတင်းစေခိုင်းခဲ့ပါတယ်။ 
 
တစ်ကြိမ်မှာလည်း Chia ဟာ မိုးမိုးသန်း ကို ဆံပင်ကနေစောင့်ဆွဲပြီး ရေချိုးခန်းကြမ်းပြင်ပေါ် တွန်းလှဲချကာ သူမရဲ့ ရင်ဘတ်ပေါ်တက်ခုန်ခဲ့ပါတယ်။ အခုလို စိတ်တ္တဇဆန်တဲ့ အကြမ်းဖက်မှုဟာ လက်ခံနိုင်စရာမရှိသလို မမိုးမိုးသန်း အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့ နယ်မြေတရားသူကြီး Oliva Low က ဆိုပါတယ်။
 
ဒါ့အပြင် မမိုးမိုးသန်း ကို တစ်ရက်လျှင် အိမ်သာ ၃ ကြိမ်သာ အသုံးပြုခွင့်ပေးတဲ့ အိမ်ရှင်မ Chia ကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၆ လ ထပ်မံကျခံစေပါတယ်။ အိမ်ရှင်မဟာ မိုးမိုးသန်းရဲ့ လှုပ်ရှားမှုတွေကို စီစီတီဗီကနေ စောင့်ကြည့်နေသလို သူတို့ရဲ့ အခြားအိမ်ဖော်တစ်ဦးဖြစ်တဲ့ Ms Fitriyah ကိုလည်း စောင့်ကြည့်ခိုင်းခဲ့ပါတယ်။
 
မိုးမိုးသန်း က အိမ်သာကို ၃ ခါထက် ပိုသုံးမိတဲ့အခါ အပြစ်ပေးမှုတွေထဲမှာ ယုန်တစ်ကောင်လို ခုန်စွခုန်စွ လုပ်ခိုင်းတာ ထိုင်ထလုပ်ခိုင်းတာတွေအပြင် အခြားအပြစ်ပေးနည်းလမ်း ပေါင်းစုံလည်း ပါဝင်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အပေါ်အင်္ကျီတွေ အကုန်ချွတ်ခိုင်းပြီး ဘရာစီယာနဲ့ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ခိုင်းပါတယ်။
 
 
မိုးမိုးသန်း ဟာ အဆိုပါအိမ်ရှင်လင်မယားနှိပ်စက်တာကို ခံရတဲ့ ဒုတိယမြောက် ဓါးစာခံလည်းဖြစ်ပါတယ်။ ပထမအိမ်အကူဖြစ်တဲ့ Ms Fitriyah ကိုလည်း နှိပ်စက်ခဲ့ပါတယ် အဲဒီနောက် မိုးမိုးသန်း နဲ့ အိမ်အကူအပြောင်းအလဲလုပ်ချိန်မှာ မိုးမိုးသန်း ကိုလည်း လူမဆန်စွာ ထပ်မံနှိပ်စက်ခဲ့တာဖြစ်ပါတယ်။

18 Mar 2019     1,294 Views




RELATED

Most Popular of International News

Most Popular of NEWS