BEC-TERO TV

Rဇာနည် cover ပြန်လည်သီဆိုထားတဲ့ ကော်နီရဲ့ "ဆေး"

19 Mar 2019     1,823 Views


နိုင်ငံကျော် ရော့ခ်ကာကြီး Rဇာနည် ဟာ အခုလတ်တလောမှာ The Voice Myanmar Season 2 ပြိုင်ပွဲကြီးမှာ ဒိုင်တစ်ဦးအနေနဲ့ပါဝင်နေတာပဲဖြစ်ပါတယ်။

တစ်ချိန်က ဂန္ဓဝင်ဆည်းဆာ၊ ယဉ်ယဉ်လေးရူး၊ခွင့်ပြုတယ်ခွင့်လွှတ်တယ် သီချင်းတွေနဲ့အောင်မြင်လာတဲ့ R ဇာနည်ဟာ အခုဆိုရင် ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ချစ်ဇနီးလေး ဝမ်း၊ သားလေး ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် တို့ နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးက မြင်သူတကာကို စိတ်ကြည်နူးစေပါတယ်။

R ဇာနည်ဟာ နာမည်ကြီးအဆိုတော်ဖြစ်တဲ့အတွက် အားလပ်ချိန် အထိုက်အလျောက်နည်းပါးမယ့်သူတစ်ဦးပါ။ ဒီလို နိုင်ငံကျော်တစ်ယောက် အနေနဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေတဲ့နေရာမှာ တာဝန်မလစ်ဟင်းသလို အားလပ်တဲ့အချိန်လေးတွေမှာ မိသားစုကိုအချိန်ပေးပြီး ဖခင်တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကျေပွန်အောင်ဆောင်ရွက်နေတာ လေးစားစရာပါပဲ။

Rဇာနည် ဟာ အားလပ်တဲ့အချိန်မှာ သားဖြစ်သူ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေးတို့ကို ဂစ်တာတီးပြီးသီချင်းဆိုပြခဲ့ပါတယ်။ သီချင်းလေးကတော့ အဆိုတော် ကော်နီရဲ့ မွေးနေ့မှာ ထွက်ရှိခဲ့တဲ့ ကော်နီရဲ့ “ဆေး” ပဲဖြစ်ပါတယ်။

ဒီသီချင်းလေးဟာ တေးရေး ဝေကြီးရေးစပ်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ အရမ်းပေါက်ခဲ့တဲ့ သီချင်းဆိုလဲမမှားပါဘူး။ ကော်နီ သီဆိုထားတဲ့ ဒီသီချင်းကတော့ လုံးဝ အဖီးတစ်လိုင်းပါပဲနော်။ ကော်နီရဲ့ “ဆေး” ကို Rကြီး တစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ သီဆိုထားလဲဆိုတာ ခံစားနားဆင်ကြည့်လိုက်ပါဦးပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


19 Mar 2019     1,823 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS