BEC-TERO TV

Apple iPhone မော်ဒယ် အသစ်တွင် ကင်မရာမှန်ဘီလူး ၃ ခု ပါဝင်မည်

19 Mar 2019     1,354 Views


မကြာမီအသစ်ထွက်ရှိလာတော့မည့် iPhone မော်ဒယ်အသစ်တွင် ကင်မရာမှန်ဘီလူး ၃ ခုပါရှိမှာ သေချာသွားပြီဖြစ်ကြောင်း Apple ကုမ္ပဏီအတွက် iPhone များထုတ်လုပ်မှုကို ပံ့ပိုးနေသည့် တရုပ်ကုမ္ပဏီတစ်ခုမှ အတည်ပြုပြောကြားလိုက်သည်။
 
 
ပြီးခဲ့တဲ့ စက်တင်ဘာလက iPhone XS ကို Apple က ထုတ်ပေးခဲ့ပေမယ့် စျေးနှုန်းမြင့်မားမှုနဲ့ ထူးခြားမှုတွေ သိပ်မရှိတာကြောင့် စားသုံးသူတွေကြားမှာ အသံတိတ်နေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Apple အနေနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ကောလဟာလသတင်းတွေ ပျံ့ခဲ့ပါတယ်။
 
 
အသစ်ထွက်လာမယ့် iPhone XI ရဲ့ နောက်ကျောဘက်မှာ လေထောင့်စပ်စပ်နေရာတစ်ခု ထည့်သွင်းထားပြီး အဲဒီနေရာမှာ ကင်မရာမှန်ဘီလား ၃ လုံးနဲ့ ဖလက်ရှ်မီး တစ်ခုတို့ကို တပ်ဆင်ထားတယ်လို့ တရုပ်ကုမ္ပဏီက သတင်းရကြောင်း ဂျပန်နည်းပညာဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Mac Otakara က ပုံများနဲ့တကွ ဖော်ပြလိုက်ပါတယ်။
 
iPhone နဲ့ ပက်သက်ပြီး ယခင်က ပေါက်ကြားခဲ့ဖူးတဲ့ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူပေမယ့် အခုဒီဇိုင်းမှာတော့ Apple က မှန်ဘီလူးနဲ့ အလင်းပေးစနစ်တို့ကို စနစ်တကျ ဖွဲ့စည်းထည့်သွင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အခုဒီဇိုင်းကို Apple ရဲ့ ပရိသတ်တွေ မြင်တွေ့ပြီးတဲ့အခါမှာတော့ ရုပ်ဆိုးလိုက်တာ ဆိုတဲ့ မှတ်ချက်မျိုးတွေ ပေးနေတာ စတင်ကြားလာရပါပြီ။
 
 
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖော်ပြခဲ့တဲ့ Wall Street ဂျာနယ်မှာလည်း အသစ်ထွက်လာမယ့် iPhone XS Max မှာ ကင်မရာမှန်ဘီလူး ၃ လုံးပါဝင်ပြီး iPhone XS နဲ့ iPhone XR မှာတော့ ၂ ခုပဲ ပါဝင်မယ်လို့ ဖော်ပြခဲ့ပါသေးတယ်။  
 
နောက်ထပ် ကောလဟာလ တစ်ခုကတော့ Apple က အံခွက်အကြီးကြီးတွေပါတဲ့ iPhone အိပ်ခွံတွေ ပြင်ဆင်နေပြီဆိုတဲ့သတင်းပါ၊ ဒါဟာ မှန်ဘီလူး ၃ လုံးနေရာအတွက် ပြင်ဆင်နေတာလို့လည်း ယူဆနေကြပါတယ်။
 
 
ဖော်ပြပါသတင်းများ မှန်ကန်မှုရှိ၊ မရှိ ဆိုတာကတော့ iPhone မော်ဒယ်လ်အသစ် ထွက်ရှိမှပဲ ပြောနိုင်မှာ သေချာပါတယ်။

19 Mar 2019     1,354 Views




RELATED

Most Popular of Special or Others

Most Popular of NEWS