BEC-TERO TV

မြန်မာဝတ်စုံဖက်ရှင်ဆန်းလေးနဲ့ လုံလုံခြုံခြုံ ပွဲတက်လာတဲ့ သင်ဇာဝင့်ကျော်

19 Mar 2019     1,656 Views


သရုပ်ဆောင်မင်းသမီးလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်အခိုင်အမာရဲ့ ချစ်ခင်မှု၊ အားပေးဝန်းရံမှုတွေကို နှစ်များစွာတိုင်ရရှိထားသူလေးဖြစ်ပြီး အနုပညာလောကထဲကလည်း နာမည်ကြီးအောင်မြင်ကျော်ကြားသူဖြစ်ပါတယ်။ သူမရဲ့တောင့်တင်းလှပတဲ့ အဖုအထစ်ကောက်ကြောင်းအသွယ်သွယ်က ပရိသတ်တွေကြားရေပန်းစားနေသလို ပြစ်မျိုးမှဲ့မထင်လှပသူတစ်ယောက်ဖြစ်တာကြောင့်ပင် ယောကျာ်းထုကြီးသာမက မိန်းမထုကြီးကပါ သင်ဇာ့ရဲ့အလှတွေအောက်မှာ ရစ်မူးနေကြတာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာတဲ့ခေတ်နဲ့အညီ ယခုနောက်ပိုင်း Sexy ဆန်ဆန်ဖက်ရှင်တွေကို ပိုမိုဝတ်စားလာကာ Sexy မော်ဒယ်အဖြစ်ပါရပ်တည်လာတဲ့ သင်ဇာကတော့ သူမပွဲတစ်ခါတက်တိုင်း အွန်လိုင်းတစ်ခွင်ပြဲပြဲစင် ဂယက်အမျိုးမျိုးထအောင်လုပ်နိုင်စွမ်းရှိသူလေးပါ။ ဒါ့ကြောင့်ပင် ပွဲတွေတိုင်းမှာပါ သင်ဇာကမပါမဖြစ် ဖိတ်ကြားခြင်းခံရတာပဲဖြစ်ပါတယ်။ သူမပွဲတွေတက်တိုင်းလည်း ဘယ်လိုဖက်ရှင်တွေကို ၀တ်စားပြီးပရိသတ်တွေကို အံ့သြစေမလဲလို့အားလုံးရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံထားရတဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် ယခုတစ်ခါမှာတော့ လုံလုံခြုံခြုံဖက်ရှင်လေးကို ၀တ်စားကာပွဲတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ဟော့ဟော့ရမ်းရမ်း Sexy ဆန်ဆန်ဖက်ရှင်တွေနဲ့ ပွဲတက်များလာတာကြောင့် ဒီတစ်ခါဖက်ရှင်က အလုံးခြုံဆုံးဖက်ရှင်တစ်ခုလို့ ဆိုရပေမည်။

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ United Vision ပွဲကိုတက်ရောက်ခဲ့တဲ့ သင်ဇာက ဒီတစ်ခါမှာတော့ အဖြူရောင်မြန်မာဝတ်စုံ ဖက်ရှင်ဆန်းလေးနဲ့ လုံခြုံစွာဝတ်စားပြီးတက်ရောက်ခဲ့ပါတယ်။ ယခုနောက်ပိုင်း Sexy ဖက်ရှင်တွေနဲ့သာအတွေ့များရတဲ့ သင်ဇာ့အတွက်တော့ အလုံခြုံဆုံးဝတ်စုံလေးဖြစ်သလို ယခုနှစ်တွေအတွင်း ပွဲတက်ခဲ့သမျှတွေထဲမှာလည်း အလုံခြုံဆုံးဖက်ရှင်တစ်ခုလို့ဆိုရပေတော့မည်။ လုံလုံခြုံခြုံလေးနဲ့လှနေတဲ့ မတ်မတ်သင်ဇာရဲ့ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 

 


19 Mar 2019     1,656 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment