BEC-TERO TV

စိတ်ညစ်နေတဲ့ မိခင်က ၂ နှစ်သမီးလေးကို ၉ ထပ်တိုက်ပေါ်မှ လွှင့်ပစ်ချ

19 Mar 2019     1,303 Views


ရုရှားနိုင်ငံက အသက် ၂၁ နှစ်အရွယ် မိခင်ဖြစ်သူဟာ စိတ်ထဲမှာ အခန့်မသင့်ဖြစ်ပြီး အသက် ၂ နှစ်အရွယ် သမီးငယ်ကို ၈၈ ပေအမြင့်ရှိတဲ့ ၉ လွှာတိုက်ခန်းပြတင်းပေါက်ကနေ ပစ်ချခဲ့ပြီး သူမပါ အောက်ကို ခုန်ချသွားခဲ့ပါတယ်။
 
 
ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် နှင်းခဲပုံကြီးပေါ် ပြုတ်ကျခဲ့တာကြောင့် နှစ်ဦးစလုံး အသက်ရှင်ခဲ့ပါတယ်။ သူမရဲ့ ဆွေမျိုးများ ပြောပြချက်အရ အဲဒီနေ့က သူမဟာ စိတ်ညစ်နေခဲ့တယ်လို့ ဆိုပါတယ်။ “တစ်မနက်လုံး ဝုံးဒိုင်းကျဲပြီး ကျမကိုလည်း အော်ဟစ်နေခဲ့တယ်” လို့ သူမရဲ့ ယောင်းမဖြစ်သူက ပြောပါတယ်။
 
 
 
အဲဒါနဲ့ ကျမလဲ နားမခံနိုင်တော့တာနဲ့ မီးဖိုချောင်ဘက်ထွက်လာတယ်၊ သူ့ဟာသူ ဒေါသပြေပါစေတော့ဆိုပြီး လွှတ်ထားလိုက်တာပါ၊ ဒါပေမယ့် ခဏကြာတော့ ဘာသံမှ မကြားရတော့လို့ သွားကြည့်တော့ အခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ကျမလည်း ပြင်းပေါက်ကနေ ကပျာကယာကြည့်လိုက်တော့ သားအမိနှစ်ယောက်လုံး လမ်းပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်” လို့ ပြောပါတယ်။
 
 
ဆွေမျိုးတွေက သားအမိနှစ်ယောက်ကို ဆေးရုံပို့ပေးခဲ့ကြပါတယ်။ အဆိုပါဖြစ်စဉ်ကို မျက်မြင်သက်သေတွေ့သူ တစ်ဦးရဲ့အဆိုအရ ကလေးက ခေါင်းစိုက်ပြီး နှင်းပုံထဲကျခဲ့ပြီး နှင်းပုံထဲနစ်သွားတာ ခြေထောက်တစ်ချောင်းပဲ ပေါ်တော့တယ်လို့ ဆိုပါတယ်။
 
 
ကလေးကို အရေးပေါ်ဆေးရုံပို့ခဲ့ကြပြီး အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရပါတယ်။ မိခင်ဖြစ်သူကတော့ ပွန်းပဲ့ဒဏ်ရာလောက်သာရပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။
 
သူမအနေနဲ့ ကလေးကို သတ်ဖို့ကြိုးစားတယ်လို့ အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ် ၅ နဲ့အထက် ကျခံရဖို့ရှိနေပါတယ်။ ကလေးကိုတော့ ဖခင်ဖြစ်သူနဲ့ သူ့ရဲ့ဆွေးမျိုးတွေက ဝိုင်းဝန်းစောင့်ရှောက်သွားမယ်လို့ သတင်းရရှိသည်။
 

19 Mar 2019     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS