BEC-TERO TV

သင်္ကြန်မှာဒွန့်လို့ကောင်းမယ့်သီချင်းတစ်ပုဒ်ဖြစ်လာမယ့် ဖြူဖြူကျော်သိန်းရဲ့ “အရှုံးထက်ပိုသော”ဗားရှင်းအသစ်

19 Mar 2019     1,641 Views


မြန်မာပြည်ရဲ့ လေဒီဂါဂါလို့ တင်စားခေါ်ရလောက်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ဂီတလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုလမ်းကြောင်းကိုလျှောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းလို့ဆိုလိုက်တာနဲ့ တစ်မူထူးခြားနေတဲ့ အတွန့်အတက် အချွန်အထွက် ဖက်ရှင်စတိုင်တွေဝတ်စားပြီး အားရပါးရသီဆိုဖျော်ဖြေတတ်တာကိုပြေးမြင်မိအောင် သူမရဲ့ဖက်ရှင်စတိုင်တွေက သူမရဲ့အမှတ်အသားတစ်ခုလိုတောင်ဖြစ်နေတာမို့ ဖက်ရှင်ကွင်းလို့ပင်ခေါ်ဆိုရပေမည်။

အသံပါဝါအားကောင်းကောင်းနဲ့ အဆွေးသီချင်း အချစ်သီချင်း ဘယ်လိုသီချင်းမျိုးကိုမဆို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ သူမရဲ့ပါရမီအရည်အချင်းကြောင့် ပရိသတ်တွေက တစ်ခဲနက်အားပေးနေကြတာဖြစ်ပြီး ချစ်စနိုးနဲ့ ဖလူဖလူလို့လဲ စနောက်ခေါ်ဝေါ်ကြပါသေးတယ်။ ဖြူဖြူကတော့ ပရိသတ်ရဲ့ရင်ကို ထိရှစေတဲ့သီချင်းကောင်းတွေကိုသာ ဖန်တီးသီဆိုသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဖြူဖြူကတော့ သူမရဲ့သီချင်းတွေထဲက လူကြိုက်အများဆုံး အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့သီချင်းတွေကို မူလပုံစံကနေ အမြူးအကြွ ပုံစံလေးပြောင်းကာ Remix အနေနဲ့ပြန်လည်သီဆိုခဲ့ပါတယ်။ Remix သီချင်းခွေကိုတော့ Audio သီချင်းခွေအနေနဲ့ မတ်လ ၁၆ ရက်နေ့ကထွက်ရှိခဲ့ပါတယ်။ ထိုသီချင်းတွေထဲမှာ ပရိသတ်အကြိုက်တွေ့ခဲ့ရတဲ့ “အရှုံးထက်ပိုသော” ဆိုသောသီချင်းလေးက လက်ရှိအွန်လိုင်းပေါ်မှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်။ မူလပုံစံ အလွမ်းအဆွေးပုံမျိုးမဟုတ်ပဲ မြူးမြူးကြွကြွပုံစံမျိုးနဲ့ပြန်လည်သီဆိုထားတဲ့ ထိုသီချင်းလေးက နားဆင်သူတွေကို ခံစားမှုရသအသစ်ကို ပေးစွမ်းနိုင်မှာပါ။ သင်္ကြန်နားလဲနီးပြီဆိုတော့ ဖြူဖြူ့သီချင်းလေးက သင်္ကြန်မှာဒွန့်လို့ကောင်းမယ့် သီချင်းတစ်ပုဒ်ဖြစ်လာတော့မှာပါနော်။

နားမထောင်ရသေးသူတွေရှိရင် နားဆင်နိုင်ဖို့ ဖြူဖြူကျော်သိန်းရဲ့ “အရှုံးထက်ပိုသော”ဗားရှင်းအသစ်ကို ဖော်ပြပေးလိုက်ပါတယ်။

(ပိုပိုလေး)

 


19 Mar 2019     1,641 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment