BEC-TERO TV

သင့်ကို နေ့စဉ် ဖြည်းဖြည်းချင်း မျှင်းသတ်နေတဲ့အရာ (၁၀) ခု

22 Mar 2019     1,542 Views


လူတွေမှာ နေ့စဉ်နေ့တိုင်း ရှောင်လွှဲလို့မရပဲ လုပ်နေကြရတဲ့အရာတွေထဲကမှာ အချို့အရာတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။ ဒီအရာတွေကပဲ လူတွေကို နေ့စဉ်ဖြည်းဖြည်းချင်း မျှင်းပြီး သေအောင် သတ်သွားနိုင်ပါတယ်။
 
တစ်ခါတစ်ရံ ကိုယ့်ရဲ့ နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ရပေမယ့် အဲဒီအရာတွေရဲ့ နောက်ကွယ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်တွေ ဝိုင်းနေတယ်ဆိုတာ သတိလက်လွတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ လူတွေကို နေ့စဉ်ဖြည်းဖြည်းချင်း သတ်နေတဲ့ အရာ (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ ဆား
 
ဆားဟာ အငန်ဓါတ်ဆိုတာ လူတိုင်းနားလည်ထားကြပါတယ်။ အငန်ဓါတ်ကို လွန်ကဲစွာ စားသုံးဖြင့်ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးရုတ်တရက် ဖောက်ပြန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဆားဟာ လူကိုသေစေနိုင်လောက်တဲ့ သွေးတိုးရောဂါကိုလည်း ဖြစ်စေပါတယ်။
 
၂။ အားလူးကြွပ်ကြော်
 
 
သွားရေးစားအဖြစ် စားကြတဲ့ အားလူးကြော်တွေဟာ အသက်အရွယ်မရွေး အရမ်းကြိုက်ကြတဲ့ အစားအစာဖြစ်ပါတယ်။ ဒီအာလူးကြော်တွေဟာ အူမကင်ဆာ၊ ရင်သားကင်ဆာ နဲ့ ဆီးအိမ်ကင်ဆာ တွေဖြစ်လောက်အောင် အရမ်းအန္တရာယ်များတယ် ဆိုတာကတော့ လူသိနည်းပါတယ်။
ဒီလိုအစားအစာတွေ စားသုံးခြင်းကြောင့် အဝလွန်ရောဂါနဲ့ သွေကြောပိတ်ဆို့ ရောဂါတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။
 
၃။ ဆေးလိပ်သောက်ခြင်း
 
 
“ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်” ဆိုတာ ဆေးလိပ်ဗူး ပေါ်မှာတောင်ရေးထားပေမယ့် ဂရုမပြုပဲ ဆက်သောက်နေသူတွေအတွက်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေ ကျဆင်းလာပြီး ကင်ဆာပေါင်းစုံ ဖြစ်နိုင်ပြီး (အထူးသဖြင့် အဆုတ်ကင်ဆာ)က ကြိုဆိုနေတယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
 
၄။ အအိပ်လွန်ခြင်း
 
 
လူတစ်ယောက်ဟာ အိပ်ချိန် လုံလောက်စွာမရှိရင် ကျန်းမာရေးချို့ယွင်းတတ်သလို လိုအပ်တာထက်ပိုပြီး  ကြာရည်စွာအိပ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တစ်နေ့လျှင် ညအိပ်ချိန် ၉ နာရီထက် ပိုအိပ်သူဟာ နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။
 
၅။ ဖုန်းအလွန်အကျွံ သုံးစွဲခြင်း
 
 
မိုဘိုင်းဖုန်းတွေဟာ ရေဒီယိုလှိုင်း ထုတ်လွှတ်တတ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ဒီလှိုင်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။ မိုးဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲတာဟာ ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာကို ပညာရှင်တွေ အမျိုးမျိုး သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဖုန်းရဲ့ ဘက်ထရီဟာ အပူလွန်ပြီး ပေါက်ကွဲတဲ့အထိ လူကို အသက်အန္တရာယ်ရှိပါတယ်။
 
၆။ အညောင်းထိုင်ခြင်း
 
 
အချိန်ရှည်ကြာစွာ အလုပ်ထိုင်လုပ်နေရသူတွေဟာလည်း ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သုတေသီတွေ သတိပေးထားပြီးဖြစ်ပါတယ်။ ဆက်တိုက် ၃ နာရီကျော်ကြာ ထိုင်နေရခြင်းက ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေပြီး အတွင်းကလီစာ ပျက်ဆီးတာ၊ ကြွက်သား မဖွံ့ထွားခြင်းနဲ့ တုံ့ပြန်နိုင်စွမ်း နှေးကွေးလာခြင်းတို့ကို ဖြစ်စေပါတယ်။
 
၇။ အားဖြည့်အချိုရည်
 
 
ကံစမ်းမဲပေါင်းများစွာနဲ့ ဘက်စုံထောင့်စုံက ကြော်ငြာနေတဲ့ အားဖြည့်အချိုရည်ရဲ့ အန္တရာယ်က ပေါက်မယ့်ဆုမဲထက်ပိုပြီး ကြီးပါတယ်။ အားဖြည့်အချိုရည်တွေမှာ ဓါတုပစ္စည်းတွေဖြစ်တဲ့ အရောင်ဆိုးဆေး၊ တာရှည်ခံဆေးတွေ ပါဝင်ပါတယ်။ အချိုရည်တွေဟာ သွေးထဲသကြားပါဝင်မှုကို မြင့်မားစေပြီး အဝလွန်ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုနဲ့ နှလုံးရောဂါတွေလည်း ရနိုင်ချေ မြင့်မားပါတယ်။
 
၈။ လေသန့်ဖျန်းဆေး
 
နေအိမ်နဲ့ ရုံးခန်းတို့မှာ လေသန့်ဖို့ရည်ရွယ်ပြီး ဖျန်းကြတဲ့ မွှေးရနံ့ပါ Air Freshener တွေဟာလည်း တိတ်တဆိတ် လူသတ်သမားတွေဖြစ်ကြပါတယ်။ Air Freshener မှာပါဝင်တဲ့ အက်စ်ပါတိန်းမ် နဲ့ နီယိုတိန်းမ် ဓာတုဓါတ်တို့က နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်သလို အနံ့အသက်ကြောင့် သွေတိုးစေနိုင်တာကြောင့် သတိပြုပြီး သုံးစွဲသင့်ပါတယ်။
 
၉။ တီဗီကို အချိန်ကြာကြာ ကြည့်ရှုခြင်း
 
တီဗီ(ရုပ်မြင်သံကြား) ဟာ ဧည့်ခန်းထဲကနေ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ အချိန်တိုင်းထုတ်လွှတ်နေတဲ့ ပင်မပစ္စည်း ဖြစ်တယ်ဆိုတာ သတိရှိစေချင်ပါတယ်။ တီဗီကို အချိန်ကြာရှည်စွာ ကြည့်ရှုခြင်းက ကိုယ်လက်လှုပ်ရှားမှု နည်းစေပြီး အပျင်ရောဂါဖြစ်စေပါတယ်။ ဒါအပြင့် ယနေ့ခေတ်ရဲ့ ရုပ်သံအစီစဉ်အချို့ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဇာတ်လမ်း၊ ပြကွက်များပါဝင်တာကြောင့် အဆိုးမြင်တဲ့ အတွေးအေခါ်တွေ အလိုလို ရိုက်သွင်းခံရပြီးသား ဖြစ်စေပါတယ်။ စိုးရိမ်ပူပန်စိတ်တွေလည်း မြင့်တက်လာစေပါတယ်။
 
၁၀။ ပလပ်စတစ် နဲ့ မယ်လမင်း
 
 
ပလပ်စတစ်ကို များသောအားဖြင့် ရေဗူးတွေ ထမင်းဗူးတွေ အဖြစ်လည်း ပြုလုပ်ပြီး သုံးစွဲကြတာတွေ့ရပါတယ်။ ပလပ်စတစ်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေက အစားအသောက်နဲ့ ရေထဲကို စိမ့်ဝင်နိုင်စွမ်းရှိတာမို့ ဖြစ်နိုင်ရင် အစားအသောက်နဲ့ ပက်သက်တဲ့အရာတွေကို ပလပ်စတစ်၊ မယ်လမင်းများ သုံးစွဲခြင်း ရှောင်ကျဉ်ပါ။ 
 
အကယ်၍ အသုံးပြုမည်ဆိုပါကလည်း စျေးသက်သာတဲ့ အမျိုးအစားတွေအစား အစားအသောက်နဲ့ ရေတို့ထည့်ရန် အထူးစီမံပြုလုပ်ထားတဲ့ အာမခံချက်ရှိတဲ့ ပစ္ဏည်းများကိုသာ ရွေးချယ်သုံးစွဲပါ။ ပလပ်စတစ်မှာ ပါဝင်တဲ့ ဓာတုဓါတ်တွေက အဝလွန် ရောဂါဖြစ်စေနိုင်သလို၊ မိန်းကလေးတွေမှာ အပျိုဖော်စောစီးစွာ ဝင်တတ်ခြင်းနဲ့ ရင်သားကင်ဆာ၊ ပရောစတိတ်(အမျိုးသားသုတ်ရေဂလင်း)ကင်ဆာတို့ ဖြစ်နိုင်ချေ မြင့်မားပါတယ်။
 
ဖော်ပြပါအချက်တွေထဲက တစ်ချက်မဟုတ်တစ်ချက်ကတော့ လူတိုင်းနေ့စဉ်ကြုံတွေနေရမှာ မလွဲပါဘူး။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံမျိုးကို ပြောင်းလဲအစားထိုး သုံးစွဲနိုင်ရန် ပိုပိုလေးမှ ဖော်ပြအပ်ပါတယ်။
 
(ပိုပိုလေး)

 


22 Mar 2019     1,542 Views




RELATED

Most Popular of Health Fix

Most Popular of Life Style