BEC-TERO TV

ခင်ပွန်းသည်ရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားရမလိုဖြစ်သွားတဲ့ Park Han Byul

21 Mar 2019     1,256 Views

Mr.Yoo ဟာ ကလပ်အမှုမှာပါဝင်ပတ်သတ်နေရုံသာမက အဆိုတော်တွေရဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာ group chat ထဲမှာလဲ ပါဝင်နေသူတစ်ဦးပါ။ ခင်ပွန်းဖြစ်သူရဲ့ လုပ်ရပ်တွေကြောင့် မင်းသမီး Park Han Byul တစ်ယောက် အနုပညာလောကမှ နှုတ်ထွက်ရလုနီးပါးဖြစ်နေခဲ့ပါတယ်။ လူအများနဲ့ မီဒီယာတွေက ခင်ပွန်းဖြစ်သူကို မသိကြတဲ့အတွက် Park Han Byul ရဲ့ ခင်ပွန်းသည်ဆိုပြီး သုံးကြရာက မင်းသမီးရဲ့ နာမည်ပဲသတင်းခေါင်းစဉ်မှာအမြဲပါဝင်နေခဲ့တာဖြစ်ပါတယ်။

Park Han Byul ဟာ လတ်တလော MBC ကရိုက်ကူးထုတ်လွှင့်တဲ့ Love in Sadness မှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ကနဦး အစကတော့ ဒီဇာတ်လမ်းတွဲမှာ Park Han Byul ကိုခေါင်းဆောင်မင်းသမီးနေရာထားပြီး ရိုက်ကူးနေပေမဲ့ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် သူမပါဝင်တဲ့အခန်းတွေကို ဇာတ်ညွှန်းထဲမှာ သိသိသာသာလျော့ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ က Park Han Byul ဟာ Love in Sadness ဇာတ်လမ်းတွဲမှာဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းကို MBC ရုပ်သံလိုင်းနဲ့ သူမရဲ့ အေဂျင်စီမှထုတ်ပြန်ကြေငြာခဲ့ပါတယ်။ လတ်တလောဖြစ်ပျက်သွားတဲ့ ခင်ပွန်းသည်ပါဝင်ပတ်သတ်နေတဲ့ အမှုဟာ သူမနဲ့ ဘာမှမသက်ဆိုင်ကြောင်း၊ သူမအနေနဲ့ သိလဲမသိသလို ပါဝင်ပတ်သတ်တာမျိုးလဲ မရှိခဲ့ဖူးကြောင်း အေဂျင်စီမှတစ်ဆင့်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

(ပိုပိုလေး)

21 Mar 2019     1,256 Views

RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS