BEC-TERO TV

နိုင်ငံအသင်းဖော် ကူလီဘာလီကို ယူနိုက်တက်ကို မပြောင်းရွေ့ လိုခဲ့တဲ့ မာနေး

21 Mar 2019     1,257 Views


ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူး မာနေးဟာ လက်ရွေးစင်အသင်းဖာ် ကူလီဘာလီ ကို ယူနိုက်တက်အသင်းကိုပြောင်းရွေ့ ဖို့ တောင်းဆိုခဲ့တဲ့ စာတမ်းကို ကိုင်ဆောင်ထားတဲ့ ပရိတ်သတ်တွေဆီကို သွားပြီး လက်မအောက်စိုက်ပြခဲ့ပါတယ်။

မာနေးဟာ လက်ရွးစင်အသင်းဖော် ကူလီဘာလီကို ပြိုင်ဘက်အသင်းကို မရောက်စေချင်တဲ့ အတွက် အဆိုပါအပြုမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အသက် ၂၇ ရှိပြီဖြစ်တဲ့ ကူလီဘာလီဟာ နာပိုလီအသင်းမှာ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ်ခြေစွမ်းပြနေပြီး အသင်းတိုင်းက အလိုရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက နည်းပြဟောင်းမော်ရင်ဟိုလက်ထက် က ကူလီဘာလီကိုခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်။ ယူနိုက်တက် ကိုဆိုးရှားကိုင်တွယ်ပြီးနောက်ပိုင်း အခုလို သတင်းတွေလည်း ပျောက်ကွယ်သွားခဲ့ပြီး အသင်းပရိတ်သတ်အများစုက ကူလီဘာလီကို ယူနိုက်တက်ကို ရောက်စေချင်ခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ကူလီဘာလီကို ခေါ်ယူလို့ပါက ကမ္ဘာ့ နောက်ခံကစားသမားပြောင်းရွေ့ကြေး အများဆုံးဖြစ်တဲ့ ဗန်ဒိုက်ကဲ့သို့ ပြောင်းရွေ့ ကြေးအမြောက်အများ ကို အလိုရှိနေတယ်လို့ သိရပါတယ်။ မာနေးနဲ့ ကူလီဘာလီတို့ဟာ အာဖရိကဖလားဝင်ခွင့်အတွက် ဆီနီဂေါအသင်းနဲ့ ပူပေါင်းပြီး လေ့ကျင့်ရေးစတင်နေတာပဲဖြစ်ပါတယ်။

 


21 Mar 2019     1,257 Views




RELATED

Most Popular of Football

Most Popular of Sport