BEC-TERO TV

Park Bo Young နဲ့ Ahn Hyo Seop တို့ပါဝင်သရုပ်ဆောင်မယ့် ဒရာမာဇာတ်လမ်းတွဲသစ်

21 Mar 2019     1,449 Views


ကိုးရီးယား နာမည်ကြီးရုပ်သံတစ်ခုဖြစ်တဲ့ tvN ကနောက်ထပ် ရိုက်ကူးထုတ်လွှင့်မယ့် ဇာတ်ကားအကြောင်းကြေငြာလိုက်ပါပြီ။ tvN ဟာ တောင်ကိုးရီးယားမှာ အခကြေးငွေပေးပြီး ကြည့်ရှုရတဲ့ ရုပ်သံလိုင်းဖြစ်တဲ့အလျောက် ရိုက်ကူးတဲ့ဇာတ်ကားတိုင်းမှာလဲ ငွေကြေးအဆပေါင်းများစွာ အကုန်အကျခံပြီး ပေါက်မြောက်အောင်ရိုက်ကူးလေ့ရှိကြပါတယ်။

နောက်ထပ် tvN ကရိုက်ကူးထုတ်လွှင့်မယ့်ကားကတော့ အများပြည်သူချစ်ကြတဲ့ မင်းသမီး အသေးလေး Park Bo Young နဲ့ တက်သစ်စ မင်းသားချော Ahn Hyo Seop တို့ပါဝင်သရုပ်ဆောင်ထားတဲ့ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ “Abyss: The Soul Revival Marble” ဖြစ်ပြီး နာမည်ကြီးဇာတ်ကား “Oh My Ghost” ရဲ့ ဒါရိုက်တာ Yoo Je Won ကရိုက်ကူးတင်ဆက်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Go Se Yeon အမည်ရှိတဲ့ ချောမောလှပတဲ့ ရှေ့နေမိန်းကလေးဟာ လူသတ်မှုတစ်ခုအကြောင်းစုံစမ်းရင်း ရှေ့နေမှ သာမန်ရုပ်ရည်မျိုးသာပိုင်ဆိုင်တဲ့ မိန်းကလေးအဖြစ်ပြောင်းလဲခြင်းခံလိုက်ရပါတယ်။ Chamin အမည်ရှိတဲ့ သူဋ္ဌေးသားလေးဟာ ရုပ်ဆိုးတဲ့မျိုးဆက်က ဆင်းသက်လာတဲ့သူတစ်ယောက်ပါ။ သို့ပေမဲ့ လူသတ်မှု တစ်ခုမှာပါဝင်ပတ်သတ်ခဲ့ပြီး မှော်စွမ်းအင်တွေနဲ့ တွေ့ဆုံကာ မယုံနိုင်အောင် ချောမောလှပတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။

Park Bo Young ပါတဲ့ ဇာတ်ကားတိုင်းလိုလို ချစ်စရာကောင်းပြီး ရိုတဲ့အခန်းလေးတွေ ပါဝင်တတ်တယ်ဆိုတာ Strong Woman Do Bong Son ကြည့်ဖူးတဲ့သူတိုင်းသိမှာပါနော်။ ဒီလိုချစ်ဖို့ကောင်းအောင် အမျိုးမျိုးလုပ်ပြတတ်တာကလဲ သူမရဲ့ စွမ်းဆောင်ရည်တစ်မျိုးပါပဲ။ တက်သစ်စ မင်းသား Ah Hyo Seop က မော်ဒယ်ကနေ သရုပ်ဆောင်အဖြစ် တက်လှမ်းလာတယ်ဆိုပေမယ့် သရုပ်ဆောင်ပိုင်းမှာ ခေသူတစ်ယောက်မဟုတ်ပါဘူး။

သူတို့နှစ်ဦး ဘယ်လို ပုံစံမျိုးလေးတွေနဲ့ လိုက်ဖက်အောင်သရုပ်ဆောင်မလဲဆိုတာ အတူတူ စောင့်မျှော်ကြည့်ရှုမယ် မဟုတ်လားပရိတ်သတ်ကြီးရေ…..

(ပိုပိုလေး)

 


21 Mar 2019     1,449 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS