BEC-TERO TV

နောက်လာမည့် အိမ်ကွင်းပွဲစဉ်တွေမှာ ဆာရီကို ဆန်ကျင်ဆန္ဒပြတော့မယ့် ချလ်ဆီးပရိတ်သတ်များ

21 Mar 2019     1,400 Views


ချလ်ဆီးအသင်းနည်းပြ ဆာရီကို ဆန်ကျင်သည့်အနေနဲ့ ရာပေါင်းများစွာသော အသင်းပရိတ်သတ်တွေဟာ သူတို့ဝယ်ယူထားတဲ့ တစ်ရာသီစာ လက်မှတ်များကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်ကို လာမည်ဧပြီလ စတန်းဖို့ဒ် ဘရစ်ခ်ျတွင် ကန်မည့် အိမ်ကွင်းပွဲစဉ်မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ဝုလ်အသင်းနဲ့ ကန်ခဲ့တဲ့ ပွဲစဉ်မှာလည်း ခုံအလွတ်များမြင်တွေ့ ခဲ့ရပြီး နောက်ပွဲစဉ်တွေမှာလည်း ခုံအလွတ်တွေကို မြင်တွေရဖို့ ရှိတယ်လို့ Daliy Mail ကဖော်ပြထားပါတယ်။

ဘရိုက်တန် အသင်းနဲ့ ဧပြီလ (၃) ရက်နေ့တွင် ကစားမည့် အိမ်ကွင်းပွဲစဉ်မှာ  လက်မှတ်ပြန်ရောင်ချဖို့ ဆန္ဒပြုသူ ၁၅၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ (၈) ရက်နေ့၊ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ Official exchange services တွင် လက်မှတ်ပြန်လည်ရောင်းချဖို့ ဦးရေ (၄၀၀) ရှိတယ်လို့သိရပြီး ၂၂ ရက်တွင် ကန်မဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ဦးရေ ၇၀၀ ကျော်အထိ စာရင်းအရ သိရပြီး ပြန်လည်ရောင်းချဖို့ မသေချာသော်လည်း ပွဲကို တက်ရောက်ကြည့်ရူမည့် မဟုတ် သတင်းထောက် တစ်ဦး မေးမြန်ချက်အရ သိရပါတယ်။

ရလဒ်ဆိုးများနဲ့ ကြုံတွေ့ နေရတဲ့ နည်းပြဆာရီအား အသင်းပရိတ်သတ်များက ဘုတ်အဖွဲ့ မှ ထုတ်ပယ်စေချင်နေပြီး ဆာရီလည်း နည်းပြရာထူး အတွက် ဖိအားများလာခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်အပြီးမှာ နည်းပြဆာရီကို ထုတ်ပယ်ဖို့ လည်း သတင်းတွေ ထွက်ပေါ်နေသော်လည်း ဘုတ်အဖွဲ့ က ရာသီကုန်အထိ စောင့်ကြည့်သွားမယ် လို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ ယခုလို ရလဒ်ဆိုးတွေကြောင့် ချလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ဆုံးရှုံးသွားရနိုင်တာကြောင့် ချလ်ဆီး ပရိတ်သတ်များက ဆာရီကို ထုတ်ပယ်စေချင်နေတာဖြစ်ပါတယ်။


21 Mar 2019     1,400 Views




RELATED

Most Popular of Football

Most Popular of Sport