BEC-TERO TV

မနာလိုစိတ်နဲ့ ၃ ပတ်အရွယ် သမီးလေးကို မိခင်ကိုယ်တိုင် လည်လှီးသတ်

21 Mar 2019     1,507 Views


ခင်ပွန်းဖြစ်သူက မွေးကာစ သမီးလေးကို သူ့ထက်ပိုပြီးချစ်တယ်လို့ မနာလိုစိတ်ဖြစ်နေတဲ့ ဇနီးသည်ဟာ မခံစားနိုင်တော့သည့်အဆုံး ၃ ပတ်သားအရွယ် သမီးငယ်လေးကို ခင်ပွန်းသည်အလစ်မှာ လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။
 
 
တရားရေးအရ အမည်ထုတ်ဖော်ပြကြားခြင်းမရှိသော အသက် ၂၁ နှစ်အရွယ် ယူကရိန်း အမျိုးသမီးတစ်ဦးကို သူမရဲ့ သမီးငယ်လေးကို သတ်ဖြတ်မှုနဲ့ ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်း Rivne Oblast မြို့ရှိ မိသားစုနေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။
 
အသက် ၂၆ နှစ်အရွယ် ခင်ပွန်းဖြစ်သူ အမှိုက်သွားပစ်နေစဉ် ခဏလေးအတွင်းမှာ သမီးလေးကို မိခင်ဖြစ်သူ ကိုယ်တိုင် မီးဖိုဆောင်သုံးဓားနဲ့ လည်လှီးသတ်ခဲ့တာဖြစ်ပါတယ်။ အမှိုက်ပစ်ရာက ပြန်လာတဲ့ ခင်ပွန်းဟာ ဇနီးရဲ့လက်မှာ သွေးတွေနဲ့ ပေကျံနေတာကိုတွေ့ပြီးနောက် ရေချိုးခန်းထဲသို့ အပြေးအလွှားသွားကြည့်ခဲ့ရာ လည်လှီးခံထားရပြီး မလှုပ်မယှက်ဖြစ်နေ့တဲ့ သမီးလေးကို တွေ့ခဲ့ရပြီး အရေးပေါ်ဌါနကို ဆက်သွယ်အကြောင်းကြားခဲ့တာပါ။
 
 
ယောက္ခမဖြစ်သူ Maria Momot ၏ အဆိုအရ ချွေးမဖြစ်သူက သူမရဲ့ခင်ပွန်းဟာ သူမထက် ကလေးကို ပိုချစ်တယ်လို့ထင်ပြီး မနာလိုစိတ်နဲ့ သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမနက်ပဲ ကလေးကို အဖွားကိုယ်တိုင် ရေချိုးပေးခဲ့ပြီး အခုလို ရုတ်တရက် သေဆုံးရတဲ့အတွက် အရမ်းအံသြခဲ့ရကြောင်းနဲ့ မိသားစုထဲမှာ အခုလို အဖြစ်ဆိုးမျိုး ကြုံမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
သမီးကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးကိုတော့ ဖမ်းဆီးထားပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၁၅ နှစ်နဲ့အထက် ကျခံရဖို့ ရှိနေပါတယ်။

21 Mar 2019     1,507 Views




RELATED

Most Popular of Special or Others

Most Popular of NEWS