BEC-TERO TV

ပြိုင်ပွဲတွင် တောင်ကိုးရီးယားစကိတ်မယ်အား အမေရိကန်စကိတ်မယ်မှ ဘလိတ်ပြားဖြင့် ထိုးနှက်

21 Mar 2019     1,341 Views


Lim Eun Soo အမည်ရှိတဲ့ အသက် (၁၆) နှစ်အရွယ် တောင်ကိုးရီးယားစကိတ်မယ်လေးဟာ အတူလေ့ကျင့်ကစားတဲ့ အမေရိကန် စကိတ်မယ်ရဲ့ အနိုင်ကျင့်တာကို ခံနေရသူတစ်ဦးဖြစ်ပါတယ်။ Lim Eun Soo ရဲ့ အေဂျင်စီ All That Sports မှ Eunsoo တစ်ယောက် ဒီလို အနိုင်ကျင့်ခံနေရကြောင်း အတည်ပြုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

ISU World Championships စကိတ်ပြိုင်ပွဲရဲ့ ရီဟာဇယ်မှာ Lim Eun Soo ဟာ အမေရိကန် စကိတ်မယ် Mariah Bell ရဲ့လုပ်ရပ်ကြောင့် ဘယ်ဘက် ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာကို စစ်ဆေးကြည့်တဲ့အခါမှာတော့ စကိတ်ရှူး အောက်က ဘလိတ်အပြားနဲ့ အတင်းထိုးနှက်ခဲ့တဲ့ပုံပေါက်နေတာတွေ့ရပါတယ်။

ရီဟာဇယ်နေ့မှာ Lim Eun Soo ဟာ ကျန်ရှိနေတဲ့ ကစားမယ်တွေနဲ့ မတိုက်မိအောင် သူမရဲ့ လမ်းကြောင်းမှာ တည်ငြိမ်စွာ ကစားနေခဲ့ပြီး အနောက်မှ Mariah Bell ကအတင်းကပ်လာကာ မတော်တဆဖြစ်သလို ပုံစံမျိုးပြုလုပ်ပြီး ဘလိတ်ပြားနဲ့ ထိုးနှက်သွားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်စကိတ်မယ်ဘက် က တောင်းပန်တာမျိုးမရှိခဲ့ပါဘူး။

Lim Eun Soo နဲ့ Mariah Bell တို့ဟာ အမေရိကန်မှာ အလှပြစကိတ်စီးတာကို နည်းပြဆရာ တစ်ဦးတည်းရဲ့လက်အောက်မှာအတူသင်ယူခဲ့ကြတာဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကိုးရီးယားစကိတ်မယ် Lim Eun Soo ဟာ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတာဖြစ်ပြီး ဒါကို သင်တန်းကျောင်းက ရိပ်မိလို့ သူတို့နှစ်ယောက်ကို သပ်သပ်စီခွဲထားခဲ့တယ်လို့သိရပါတယ်။

ရီဟာဇယ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့် Lim Eun Soo ဟာ ပြိုင်ပွဲအစစ်နေ့မှာ အဆင့် ၅ နေရာ ချိတ်ခဲ့ပြီး Mariah Bell ကတော့ အဆင့် ၆ နေရာချိတ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ နိုင်ငံနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲမျိုးဖြစ်ပြီး လက်ရှိမှာတော့ ကျန်တဲ့ပြိုင်ပွဲဝင်နိုင်ငံတွေက အမေရိကန်စကိတ်မယ်ရဲ့ လုပ်ရပ်ကြောင့် Shame On You American ဆိုပြီး ပြောဆိုနေကြပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 


21 Mar 2019     1,341 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS