BEC-TERO TV

အသင်းအနိုင်ရခဲ့ပေမယ့် အမှားသင့်တဲ့အမှားကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဂိုးသမား ကော်တိုရစ်

22 Mar 2019     1,289 Views


ကြာသပတေးနေ့ည မနေ့က ကစားခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲ အုပ်စုပထမဆုံးပွဲစဉ်မှာ ဘယ်ဂျီယံအသင်းဟာ ရုရှားအသင်းကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘယ်ဂျီယံအသင်းက အနိုင်ရရှိခဲ့ပေမယ့် ဂိုးသမား ကော်တိုရစ်က အမှားကြောင့် ခွင့်ပြုပေးခဲ့ရတဲ့အတွက် ဝေဖန်မှုတွေနဲ့ ယှဉ်ဆိုင်ခဲ့ရပါတယ်။

ပွဲချန် ၁၄ မိနစ်မှာ ဘယ်ဂျီယံအတွက် အဖွင့်ကို တီယန်လီမန်းစ် က သွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ၂ မိနစ် အကြာမှာ ကော်တိုရစ် ရဲ့အမှားကြောင့် ရုရှားအသင်းကို သွင်းဂိုးခွင့်ပြုပေးခဲ့ရပါတယ်။ကော်တိုရစ်ဟာ ဘောလုံးပေးပို့ဖို့အတွက် တုံနှေးနေခဲ့တာကြောင့် ပြိုင်ဘက်ကစားသမား ဒိုင်ဆူဘာက ဝင်လုဖို့ကြိုးစားရင် ဘောလုံးက ချယ်ရီရှက်ဗ် ကိုပေးပို့သလိုဖြစ်သွားခဲ့တာကြောင့် ချယ်ရီရှက်ဗ်က ကော်တိုရစ်ကို အသာအယာ လိမ်ခေါက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကော်တိုရစ်ဟာ ရီးရဲလ်မက်ထရစ်အသင်းကိုရောက်ရှိပြီးနောက်ပိုင်း ထိပ်တန်းခြေစွမ်း ပျောက်ဆုံးနေပြီး သွင်းဂိုးတွေ မကြာခဏဆိုသလို ခွင့်ပြုပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းကို နည်းပြဇီဒန်းပြန်လည်းကိုင်တွယ်တဲ့အချိန်မှာ ကေလာနာဗက်စ်ကို ဦးစားပေးပွဲထွက်စေခဲပြီး ကော်တိုရစ်ကို အရံခုံကို ပို့ခဲ့တာဖြစ်ပါတယ်။

ဘယ်ဂျီယံအသင်းအတွက် အနိင်ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် အီဒင် ဟာဇတ်က ၄၅ မှာပင်နတီ နဲ့ ပွဲပြီးခါနီး ၈၈ မိနစ်တို့မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 


22 Mar 2019     1,289 Views




RELATED

Most Popular of Football

Most Popular of Sport