BEC-TERO TV

ကိုးရီးယားဇာတ်လမ်းတွဲချစ်သူတို့မဖြစ်မနေသွားလည်သင့်တဲ့ ဇာတ်ကားထဲမှနေရာများ

22 Mar 2019     1,463 Views


ကိုးရီးယားဇာတ်လမ်းတွဲကြည့်ရင်း ကိုယ်အရမ်းကြိုက်မိတဲ့ ဇာတ်ကားထဲက မင်းသား၊ မင်းသမီးတို့သွားလည်ကြတဲ့နေရာလေးတွေကို တစ်ချိန်ကျရင် သွားလည်ဖြစ်အောင် လည်မယ်လို့ သူသူကိုယ်ကိုယ်စိတ်ကူးယဉ်မိကြမှာပါနော်။ တစ်ချိန်ကျ မရောက်ရောက်အောင်သွားလည်မယ်ဆိုပြီး တေးထားတာမျိုးတွေ ကိုယ်စီရှိကြတယ်မဟုတ်လား။ ဒီမှာ နာမည်ကြီးကိုးရီးယားဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး လာရောက်လည်ပတ်သူ များပြားလာတဲ့ နေရာလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။

Ihwa Mural Village

Ihwa Mural လို့ခေါ်တဲ့ရွာလေးကတော့ ထူးထူးခြားခြား ဇာတ်လမ်းတွဲ နှစ်ခုမှာပါဝင်ဖူးတာပါ။ Strong Woman Do Bong Son နဲ့ Encounter တို့ရဲ့ ဇာတ်ဝင်ခန်းအချို့ကို ဒီမှာလာရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။

Graffiti Tunnel

ဒီလိုဏ်ခေါင်းကတော့ Goblin ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်လိုက်နှစ်ဦး Gong Yoo နဲ့ Lee Dong Wook တို့ ဈေးသွားဝယ်တဲ့အခန်း ရိုက်ကူးရာနေရာဖြစ်ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းက နာမည်ကြီးခဲ့တာကြောင့် ဒီ လိုဏ်ခေါင်းကိုလဲ လာရောက်လည်ပတ်သူတွေများခဲ့ပါတယ်။

Sanmotoongae Café

ဒီ Café လေးကို Coffe Prince (ကော်ဖီချစ်သူ) ဇာတ်ကားကြည့်ဖူးသူတိုင်းသိကြမှာပါ။ Gong Yoo နဲ့ Yoon Eun Hye တို့ ပုံဖော်သရုပ်ဆောင်ထားတဲ့ ကော်ဖီချစ်သူဇာတ်ဝင်ခန်းတွေကို ဒီ Café မှာရိုက်ကူးထားတာဖြစ်ပါတယ်။

Jangsado Sea Park

My Love from another star ဇာတ်လမ်းတွဲထဲက ဒိုမင်းဂျွန် တစ်ယောက် ချွန်းဆုန်းအီကို ခေါ်ဆောင်သွားတဲ့နေရာလေးပါ။ ဒီနေရာလေးက အစက လူသွားလူလာနည်းပေမယ့် ဒိုမင်းဂျွန်ဇာတ်လမ်းတွဲမှာပါပြီး လာရောက်လည်ပတ်သူအများအပြားရှိလာပါတယ်။

Bukchon Hanok Village

ဒီရွာလေးကတော့ ပတ်ရှင်ဟေးနဲ့ လီမင်ဟိုတို့ပါဝင်တဲ့ The Heirs မှ ဇာတ်ဝင်ခန်းတချို့မှာ ပါဝင်ထားပါတယ်။ Bukchon Hanok ဟာရှေးဟောင်းရွာတစ်ရွာဖြစ်ပြီး နန်းတွင်းဇာတ်ကားတွေ၊ ဂျိုဆွန်းကားတွေကို လာရောက်ရိုက်ကူးလေ့ရှိတယ်လို့လဲသိရပါတယ်။

Nami Island

နာမီကျွန်းလို့ပြောလိုက်တာနဲ့ မြန်မာကလူတွေနဲ့ သိပ်မစိမ်းလောက်ဘူးထင်ပါတယ်။ ထင်းရှူးပင်တွေစီတန်းနေတဲ့ နာမီကျွန်းဟာ Winter Sonata ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရာနေရာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ကန်ဂျွန်ဆန်းက ဂျောင်ယူဂျင်းနဲ့ လက်တွဲပြီး လမ်းလျှောက်တဲ့အခန်းလေးဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းဟာ နာမည်ကြီးသွားခဲ့ပြီး ဒီနေရာလေးကိုလဲ လာရောက်လည်ပတ်သူအများအပြား ရှိလာပါတယ်။

ဒီလောက်ဆို ဇာတ်လမ်းတွဲကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးလဲ ကိုးရီးယားသွားရင် ဘယ်နေရာတွေကို သွားလည်ရမလဲဆိုတာ သိလောက်ပြီပေါ့နော်။ ကိုးရီးယားဇာတ်လမ်းတွဲထဲက နေရာလေးတွေမှာ သွားရောက်လည်ပတ်ရင်း ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

(ပိုပိုလေး)


22 Mar 2019     1,463 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS