BEC-TERO TV

ပရိတ်သတ်တွေပျော်လို့ အမောပြေပါတယ်ဆိုတဲ့ ထန်ပါးရဲ့ သီချင်းအသစ်

22 Mar 2019     1,670 Views


ဖေ့ဘွတ်ခ်တစ်ခွင်မှာ နာမည်ကျော်တဲ့ အဆိုတော်ထန်ပါးဟာ သူ့ရဲ့သီချင်းအသစ်ကို ပရိတ်သတ်ကြီးနားသောတဆင်ရအောင် ဝေမျှပေးလိုက်ပါပြီ။

ချင်းလူမျိုး တစ်ဦးဖြစ်တဲ့ ထန်ပါးဟာ သူ့ရဲ့ ဖက်ရှင်အသစ်အဆန်းတွေကို ပရိတ်သတ်အတွက် တစ်နေ့တစ်မျိုးမရိုးရအောင် ထုတ်ဖော်ပြသနိုင်သူတစ်ဦးပါ။ ထန်ပါးဟာ “ဖက်ရှင်ကင်း ” သီချင်းနဲ့ လူမှုကွန်ယက်မှာ လူသိများကျော်ကြားလာပြီး သီချင်းအသစ်အဆန်းတွေကို ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။

ထန်းပါး ထွက်တဲ့သီချင်းတိုင်းကို လူအများကအကြိုက်တွေ့ခဲ့ကြပြီး နှစ်သက်အားပေးခဲ့ကြပါတယ်။ ထန်ပါး ဘာအသစ်ထပ်ထွက်မလဲဆိုတာ စောင့်မျှော်နေကြသူတွေအများအပြားပါပဲ။

ဒီတစ်ခါ ထန်ပါး ထွက်ရှိလာတဲ့ သတင်းကတော့ “1 2 3 ဆိုရအောင်” ပဲဖြစ်ပါတယ်။ ထန်ပါးဟာ သီချင်းစာသားထဲမှာ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ကြောင်း၊ ချစ်ရတဲ့ပရိတ်သတ်အတွက် သီဆိုဖျော်ဖြေနေရရင် ဘယ်တော့မှမမောကြောင်း ရေးစပ်သီဆိုထားပါတယ်။ ပိုပြီးထူးခြားလာတာကတော့ဒီသီချင်း ဗွီဒီယိုထဲမှာ ထန်ပါးက သူ့ပရိတ်သတ်တွေနဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ကြည့်ရှုခံစားနားဆင်ကြည့်လိုက်ကြပါဦး ^^

(ပိုပိုလေး)


22 Mar 2019     1,670 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment