BEC-TERO TV

ကမ္ဘာအတူပတ်ဖို့ ကိုယ်ပိုင်အတွင်းရေးမှူးအမြန်အလိုရှိနေတယ်ဆိုတဲ့သန်းကြွယ်သူဋ္ဌေးလေး

22 Mar 2019     1,231 Views


Matthew Lepre အမည်ရှိ အသက် ၂၆ နှစ်အရွယ်သန်းကြွယ်သူဋ္ဌေးတစ်ဦးဟာ သူနဲ့အတူ ကမ္ဘာပတ်ဖို့ ပုဂ္ဂိုလ်ရေးအတွင်းရေးမှူးတစ်ယောက်လိုအပ်နေကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Matthew ဟာပညာရေးနဲ့ အွန်လိုင်းစီးပွားရေးဆိုင်ရာ ဟောပြောပွဲများကို ကမ္ဘာလှည့်ဟောပြောသူတစ်ဦးဖြစ်ပါတယ်။

ဆစ်ဒနီနိုင်ငံသား ဖြစ်တဲ့ သူဟာ ကိုယ်ပိုင်လပ်တော့ပ်တစ်လုံးနဲ့ အလုပ်လုပ်ရုံဖြင့်တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ($115,427) ဝင်ငွေရှိသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ဒီငယ်ရွယ်တဲ့ သူဋ္ဌေးဟာ စီးပွားရေးပါတနာအဖြစ်လက်တွဲဖို့ အတွင်းရေးမှူးတစ်ဦးအလိုရှိနေတဲ့အကြောင်း လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။

Matthew ကခရီးသွားနိုင်သူ၊ ပုဂ္ဂိုလ်ရေးအရပါ တွဲဖက်အလုပ်လုပ်နိုင်သူတစ်ဦးကို ငှားရမ်းလိုပြီး တခြား ကုမ္ပဏီများနဲ့မတူတဲ့ လစာမျိုး ပေးသွားမယ်လို့ ပြောကြားထားပါတယ်။ သူနှင့်အတူ လက်တွဲလုပ်ဆောင်ပါက တစ်လလျှင် ဒေါ်လာ ၅ သောင်း ရရှိမည်ဖြစ်ပြီး ကမ္ဘာအနှံ့အပြားက နိုင်ငံတွေကိုပါ အတူတကွ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

သူ့အတွက် အတွင်းရေးမှူးတစ်ယောက်အဖြစ်လိုအပ်တဲ့အရာများကတော့ သွားရမယ့်ခရီးစဉ်တွေကို စီစဉ်ပေးရမည်၊ တာဝန်အများအပြားကို အချိန်အပိုင်းအခြားအကန့်အသတ်အတွင်း ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဝင်ငွေကောင်းတဲ့အလုပ်ကိုလဲ လုပ်ကိုင်ရင်း ကမ္ဘာလဲပတ်ရမယ်ဆိုတော့ ဘယ်လောက်ကောင်းတဲ့ အလုပ်ဖြစ်မလဲနော်။ သွားလျှောက်လိုက်ကြပါဦး ^^
 
(ပိုပိုလေး)

22 Mar 2019     1,231 Views




RELATED

Most Popular of Special or Others

Most Popular of NEWS