BEC-TERO TV

မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ပယ်ဖျက်လိုက်သည့် ခုံနံပါတ်မှာ ကျော်ကျော်နန္ဒရဲ့ ဖိတ်စာဖြစ်နေ

22 Mar 2019     1,306 Views


ပရိသတ်ကြီးရေ မနက်ဖြန် မတ်လ (၂၃) ရက်နေ့မှာဆိုရင်တော့ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကို ကျင်းပတော့မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့အကယ်ဒမီပေးပွဲကြီးကိုတော့ The One Entertainment park မှာပြုလုပ်မှာဖြစ်ပြီး အနုပညာရှင်များစွာက ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့အနုပညာရှင်တွေနဲ့ထပ်တူ ရင်ခုန်စိတ်လှုပ်ရှားလို့နေကြပါတယ်။

အကယ်ဒမီပေးပွဲကြီးဟာဆိုရင် မြန်မာ့ရုပ်ရှင်လောကထဲက သရုပ်ဆောင်ထူးချွန်တဲ့သူတွေကို ဆုချီးမြှင့်တဲ့ပွဲကြီးဖြစ်သလို အနုပညာရှင်များစွာကို အရောင်အသွေးတို့စုံလင်လှပစွာနဲ့ စုဝေးတွေ့ရတဲ့ပွဲကြီးလည်းဖြစ်ပါတယ်။ ယခုလိုကိုယ်ချစ်ရတဲ့အနုပညာရှင်တွေကို စုံစုံလင်လင်တွေ့ရတဲ့ပွဲမို့ ပရိသတ်များစွာက မလွတ်တမ်းစောင့်ကြည့်ကြတာလည်းဖြစ်ပါတယ်။ အကယ်ဒမီပွဲကြီးက အချိန်အခါနီးကပ်နေပြီမို့ တက်ရောက်ကြမယ့်အနုပညာရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီးကျချိန်လည်းဖြစ်ပါတယ်။

လူတိုင်းကမနက်ဖြန်မှာ ကျင်းပတော့မယ့်အကယ်ဒမီပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေချိန်မှာပဲ လွန်ခဲ့တဲ့နာရီပိုင်းအတွင်းက မြန်မာ့ရုပ်ရှင်အစည်းအရုံးကနေ ခုံနံပါတ်တစ်ခုနဲ့ ဖိတ်စာတစ်ခုကိုပယ်ဖျက်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေညာချက်ကိုထုတ်ပြန်လိုက်တဲ့အခါမှာတော့ အနုပညာရှင်တွေအားလုံးလဲ အံ့အားသင့်သွားခဲ့ရသလို ပရိသတ်တွေကလည်း ဘယ်အနုပညာရှင်ရဲ့ခုံနံပါတ်များဖြစ်မလဲဆိုပြီး သိချင်ဇောတွေများခဲ့ကြပါတယ်။

ကြေညာချက်ထွက်ပြီး သိပ်မကြာခင်မှာပင် ပယ်ဖျက်လိုက်တဲ့ခုံနံပါတ်ရဲ့ဖိတ်စာနဲ့အတူ ဖိတ်စာရှင်လည်းထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံးမှပယ်ဖျက်လိုက်တဲ့ ခုံနံပါတ်ပါဝင်တဲ့ဖိတ်စာပိုင်ရှင်မှာ အဆိုတော်ကျော်ကျော်နန္ဒပဲဖြစ်ပါတယ်။ အကယ်ဒမီပွဲကို တက်ရောက်ခွင့်ပိတ်ခံလိုက်ရတဲ့ ခုံနံပါတ်မှာ (A3,KK-16) ဖြစ်ပြီး ကျော်ကျော်နန္ဒရဲ့ဖိတ်စာပါ ခုံနံပါတ်ကလည်း (A3,KK-16) ဖြစ်နေတာကြောင့် ကျော်ကျော်နန္ဒဖြစ်ကြောင်းကို ပရိသတ်တွေက အတိအကျပြောဆိုနေကြာတဖြစ်ပါတယ်။ ကာယကံရှင်ဘက်က ဘာမှထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် ထိုခုံနံပါတ်ပါဝင်တဲ့ ကျော်ကျော်နန္ဒရဲ့ အကယ်ဒမီပွဲတက်ဖိတ်စာက ပရိသတ်တွေကြားမှာတော့ ပလူပျံလို့နေတာပဲဖြစ်ပါတယ်။

ကျော်ကျော်နန္ဒဟာဆိုရင် အကယ်ဒမီပွဲကို တက်ရောက်ဖို့အတွက် အားလုံးပြင်ဆင်ပြီးသားဖြစ်သလို ရိုးသားတဲ့တိုင်းရင်းသားဝတ်စုံလေးနဲ့ သိန်း (၅၀၀၀) တန် စိန်လက်စွပ်ကြီးဝတ်ကာ ထူးထူးခြားခြားတက်ရောက်မယ်လို့ ကြိုတင်အသိပေးထားတာပဲဖြစ်ပါတယ်။ အဘယ်အကြောင်းကြောင့် ပယ်ဖျက်လိုက်သည်မသိပေမယ့် ခုံနံပါတ်ပိုင်ရှင်က အဆိုတော်ကျော်ကျော်နန္ဒသာ အမှန်ဖြစ်ခဲ့မယ်ဆို တကယ်ကိုစိတ်မကောင်းစရာပါပဲနော်။

(ပိုပိုလေး)


22 Mar 2019     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS