BEC-TERO TV

အွန်လိုင်းမှာကြိုတင်ထွက်ရှိခဲ့တဲ့ သတင်းအတိုင်း အများစုမှန်ကန်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ

23 Mar 2019     1,445 Views


ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ The One Entertainment Pak တွင်ကျင်းပပြုလုပ်သည့် ၂၀၁၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲကြီးလည်းပြီးဆုံးခဲ့ပါပြီ။မြန်မာရုပ်ရှင်ရှင်ထူးချွန်ဆုတွေကိုလည်း ရသင့်ရထိုက်တဲ့သူလည်း ရရှိခဲ့ကြပါတယ်။ အကယ်ဒမီအဖွင့်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကမိန့်ခွင့်ပြောဖွင်လှစ်ခဲ့ပြီး ရုပ်ရှင်လောကကို ဒီထက်တိုးတက်စေချင်ကြောင်း ကိုပြောကြားသွားခဲ့ပါတယ်။

ရှင်ရှင်ထူးချွန်ဆုရရှိသူများကို အွန်လိုင်းပေါ်မှာ ကြိုတင်သတင်းထွက်ခဲ့မှုများရှိခဲ့ပါတယ်။ အဆိုပါသတင်းထွက်ခဲ့သည့်အထဲ့မှာ အများစု တိုက်ဆိုက်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။

၂၀၁၈ ခုနှစ်အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆုတွေကို အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု သူ ထူးစံ ( မော်ဝင်သမန်းကျား ) အကောင်းဆုံးရုပ်ရှင်အမျိုးသမီး ဇတ်ဆောင်ဆု ဖွေးဖွေး ၊(ရွေကြာ) ၊ အကောင်းဆုံးရုပ်ရှင် အမျိုးသား ဇတ်ပို့ဆု ကျော်ကျော်ဗိုလ် (မုန်ုစွဲ) ၊ အကောင်းဆုံးအမျိုးသမီး ဇတ်ပို့ဆု အေးမြတ်သူ (နောက်တွင်ဥဒါန်းတွင်စေသတည်း) တို့ဖြစ်ကြပြီး

အကောင်းဆုံး ရုပ်ရှင်အသံထူးချွန်ဆု ကိုအေး (မုန်းစွဲ) ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ဝင်းလွင်ထက် (မုန်းစွဲ) ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ကျော်ခိုင်စိုး (ရွေကြာ) ၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု သြရသ (မုန်းစွဲ) ၊ အကောင်းဆုံး နောက်ခံ တေးဂီတဆု ဂီတမှူး ရှလုံ အန်ဗရင်းနော ၊ အကောင်းဆုံး ရုပ်ရှင်ဇတ်ညွန်းဆု ဝိုင်း (ရွေကြာ) ၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကိုတော့ အကယ်ဒမီမြင့်မြင့်ခင် ကရရှိသွားခဲ့ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဇတ်ကားဆုကို ရွေကြာ (ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေး ) ကရရှိသွားခဲ့ပါတယ်။

 


23 Mar 2019     1,445 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS