BEC-TERO TV

အကယ်ဒမီပေးပွဲမှ အပြန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ယာဉ်တန်းကို ဝင်တိုက်မိ

23 Mar 2019     1,302 Views

အကယ်ဒမီပေးပွဲမှ ပြန်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ယာဉ်တန်းကို ဝင်တိုက်မိခဲ့မှုတစ်ခုဖြစ်ခဲ့ပါတယ်။ယာဉ်တန်းကို တိုက်မိခဲ့တဲ့ ယာဉ်မောင်းကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

“အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ယာဉ်မောင်းသူကို ယာဉ်ထိန်းက ခေါ်ယူမေးမြန်း နေပါတယ် လို့သိရပါတယ် ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာမှတော့ မဖြစ်ပါဘူး။ သူကယာဉ်တန်းလာတာ မသိပဲနဲ့ ချိုးကွေ့လိုက်လို့ ဖြစ်သွားတာ၊ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းကားကြီးကတော့ အရှည်ကြီးပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့တော့ မဟုတ်ပါဘူး။ ယာဉ်တန်းနဲ့ ချိတ်မိတာပါ” ဟု သုဝဏ္ဏ နယ်မြေရဲစခန်းမှ စခန်းမှူး ဦးအုံးကျော်မင်းက ပြောပါတယ်။

ဒီဖြစ်စဉ်ကို မှန်ကန်မှုရှိ မရှိ မေးမြန်းရာ “ဒီနေ့အခမ်းအနားကို ဒေသခံကိုယ်စားလှယ်တွေ ဖိတ်ကြားမခံရတဲ့အတွက် ပွဲကိုမရောက်ဖြစ်ဘူး။ လူမှုကွန်ယက် စာမျက်နှာပေါ် တက်လာမှ သိရတယ်။ ဖြစ်စဉ်ကတော့ မှန်ကန်ပါတယ်” ဟု ဦးမောင်မောင်ဦး (ခ) ဦးထိပ်တင်ဦးက ပြောပါတယ်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းအား စစ်ဆေးမေးမြန်းနေခြင်းသာဖြစ်ပြီး မည်သည့်ပုဒ်မှဖြင့် တရားစွဲဆိုမည်ကို မသိရှိရသေးကြောင်း စခန်းမှူး ဦးအုံးကျော်မင်းက ပြောပါတယ်။

RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS