BEC-TERO TV

မနေ့ညက The Voice အစီစဉ်မှာ ပြောစမတ်တွင် မှတ်တမ်းဝင်ခဲ့တဲ့ “ကျားပေါက်”

25 Mar 2019     1,288 Views


မနေ့ညက The Voice Myanmar အစီစဉ်မှာ ထူးခြားတဲ့အဖြစ်ပျက်တစ်ခု ဖြစ်သွားခဲ့တာကို သတိထားမိကြပါရဲ့လားဗျ..?  ဘယ်လောက်တောင်ထူးခြားသလဲဆိုရင် တစ်ကမ္ဘာလုံးမှာ တင်ဆက်နေတဲ့ The Voice ရဲ့ သက်တမ်းတစ်လျှေက် အခုလိုအဖြစ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးအောင် ပြောစမတ်တွင်ခဲ့ရပါတယ်။
 
နေပြည်တော်က လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် “ဖြိုးထက်ကို” ရဲ့ အလှည့်မှာ ဖြစ်ပျက်ခဲ့တာပါ။ မနေ့ညက နည်းပြတွေ ဘယ်လိုတောင် ခပ်ချေချေနေပြီး ပြိုင်ပွဲဝင်တွေကို လွယ်လွယ်နဲ့ ခလုပ်မနှိပ်ခဲ့ဖူးဆိုတာကို ရုပ်သံကြည့်ပရိသတ်တွေ သတိထားမိကြမှာပါ။
 
 
မတော်တဆမှုက ပြိုင်ပွဲဝင် “ဖြိုးထက်ကို” ကို ကံကောင်းသွားစေခဲ့ပါတယ်။ ‘ပြည့်တန်ဆာ’ သီချင်းနဲ့ ယှဉ်ပြိုင်နေတာကို နည်းပြတွေအားလုံး အကဲဖြတ်ခံစားနေချိန်မှာ “ကျားပေါက်” က ခုံပေါ်ကို လက်တင်ပြီး မေးထောက်လိုက်ရာမှာ မမျှော်လင့်ပဲ စက်ခလုပ်တည့်တည့်ပေါ် ဖိမိပြီး မတော်တဆ ရွေးချယ်မိသွားခဲ့တာဖြစ်ပါတယ်။ သူ့အဖြစ်ပျက်ကို သူကိုယ်တိုင် အံ့သြနေသလို ဘေးချင်းကပ်ခုံမှာ ရှိနေတဲ့ ‘နီနီခင်ဇော်’ လည်း အစဆုံး မြင်တွေ့လိုက်တာကြောင့် မပြုံးပဲ ဝါးလုံးကွဲ ရီလိုက်ပြီး ရန်ရန်ချန်း နဲ့ အာဇာနည် ကိုပါ ပြောပြလိုက်တာကို တွေ့ရပါတယ်။
 
 
 
 
မျက်နှာမှာ ရှက်ပြုံးကြီးနဲ့ ‘ကျားပေါက်’ ကတော့ မှင်မောင်းကောင်းကောင်းနဲ့ အိနြေ္ဒမပျက် တမင်ပဲ ရွေးလိုက်တဲ့ ဟန်နဲ့ ဆက်ပြီး အားပေးလိုက်ရပါတယ်။ အမှန်တစ်ကယ်တော့ “ဖြိုးထက်ကို” ရဲ့ အသံနဲ့ သီဆိုဟန်က ပြောစရာမရှိအောင် ကောင်းမွန်ပါတယ်။ ဒါပေမယ့် Blind Audition ကလည်း ပြီးတော့မှာဖြစ်သလို နည်းပြတွေမှာလည်း ထပ်မံရွေးချယ်ဖို့ လူသိပ်မကျန်တော့တဲ့အတွက် အစပိုင်းကလောက် လွယ်လွယ်ကူကူ ဆုံးဖြတ်ဖို့ ခက်နေတဲ့ အခိုက်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
 
ဒါပေမယ့် အခုလို မတော်တဆပုံစံမျိုးနဲ့  “ဖြိုးထက်ကို” ကို ‘ကျားပေါက်’ ရလိုက်တာဟာ ဘယ်သူအတွက် ပိုပြီးကံကောင်းသွားတာလဲ ဆိုတာကို နောက်ထပ်အဆင့်တွေမှာ ပရိသတ်တွေကိုယ်တိုင် အကဲဖြတ်နိုင်တော့မှာဖြစ်ပါတယ်။
 
 
The Voice Myanmar Season 2 ရဲ့ ဒီအဖြစ်ပျက်လေးဟာ ‘ကျားပေါက်’ အတွက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့တဲ့ အမှတ်တရလေးတစ်ခုအဖြစ် အမြဲသတိရနေမှာ မလွဲပါဘူး။
 
(ပိုပိုလေး)

25 Mar 2019     1,288 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment