BEC-TERO TV

လက်ညိုးထိုးထိုးပြီး “နီနီခင်ဇော်” ကို ဆုံးမသွားတဲ့ “လင်းခက်”

25 Mar 2019     1,898 Views


မနေ့ညက Blind Audition မှာ မြန်မာတစ်နိုင်ငံလုံက ပရိသတ်တွေနဲ့ နည်းပြတွေ အားလုံးကို  အံ့သြမှုတွေ ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ ထူးခြားတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူက ပရိသတ်ကြီးကို စိတ်မဆင်းရဲစေရပါဘူးလို့ အစောပိုင်းမှာ ကတိပေးထားခဲ့တဲ့အတိုင်း အားလုံးကို စိတ်ပျော်ရွှင်စေခဲ့သူပါ ဒါ့အပြင် သီချင်းနဲ့ “နီနီခင်ဇော်ကို လက်ညိုးထိုးထိုးပြီး ဆုံးမခဲ့ပါသေးတယ် သူကတော့ “လင်းခက်” ပါ။
 
 
အလုပ်အကိုင်က ဂရပ်ဖစ်ဒီဇိုင်နာ လူပုံစံက အပေါ်ယံကြည့်လိုက်ရင် ဖီးလ်သမားလို့ ထင်ရပေမယ့် ဘဝကိုနေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတဲ့ လူပျော်ကြီးတစ်ယောက်ဆိုတာ တစ်ကယ် စင်ပေါ်ရောက်မှ သိလိုက်ရပါတယ်။
 
ထူးအိမ်သင် ရဲ့ “ညီမလေး” သီချင်းကို လက်ညိုးလေးတစ်ထောင်ထောင်နဲ့ တစ်ကိုယ်လုံး အရိုးတွေပါ လှုပ်ခါပြီး သီဆိုခဲ့တဲ့အတွက် ပရိသတ်တွေ တသောသော ပွဲကျခဲ့ပါတယ်။ သနားစရာကောင်းတဲ့ နည်းပြ လေးဦးခမျာမှာတော့ ကျောပေးထားတာကြောင့် ပရိသတ်တွေ ဘာတွေများ ထူးဆန်းလို့ သဘောကျနေကြတာလဲဆိုတာ အရမ်းသိချင်နေကြပါတယ်။
 
မြူးကြွတဲ့တေးသွား မူးရင်းအဆိုရှင် ထူးအိမ်သင် ကဲ့သို့ပင် အသံတွေကို နိုင်နိုင်နင်းနင်းကစားပြီး သီဆိုသွားတဲ့ “လင်းခက်” က ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သီချင်းအဆုံးမှာတော့ လှည့်မကြည့်ဖြစ်လိုက်တဲ့ “နီနီခင်ဇော်” က CHO(ကိုးရက်စ်) ပိုဒ်လေး တစ်ခေါက်ပြန်ဆိုပြဖို့ တောင်းဆိုခံရတဲ့ထိ နည်းပြတွေကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။
 
 
“လင်းခက်” က နည်းပြတွေကို အကြီးအကျယ်အံ့သြစေခဲ့တဲ့ နောက်တစ်ချက်က၊ ‘ရန်ရန်ချန်း’ က ရက်ပ်ဆိုတတ်လို့ မေးလိုက်တဲ့အချိန်မှာ ရက်ပ်တော့ မရဘူးဗျ ဆိုပြီး ရုတ်တရက် ‘BeatBox’ တေးသွားကို ပါးစပ်နဲ့ တီးခတ်ပြသွားရာမှာ နည်းပြတွေအားလုံး လက်ဖျားခါသွားခဲ့ကြပါတယ်။ “ကျားပေါက်” က ‘ဒီဘဲ မလွယ်ဘူး” လို့ ချီးမွမ်းရတဲ့ အထိပါပဲ။ အာဇာနည်ကတော့ ‘လန်ထွက်နေတာပဲ’ လို့ ချီးကျူးခဲ့ပါတယ်။ 
 
မနေ့ညက နည်းပြ “ရန်ရန်ချန်း” တစ်ယောက် မထင်မှတ်ပဲ “လင်းခက်” ကို ရခဲ့တဲ့အတွက် နည်းပြအားလုံးက “ရန်ရန်ချန်း” ကို အားကျခဲ့ပါတယ်။ နောက်အဆင့်တွေမှာလည်း “လင်းခက်” ဘယ်လိုတွေ သီဆိုယှဉ်ပြိုင်သွားဦးမလဲဆိုတာ ပရိသတ်တွေ ဆက်ဆက်စောင့်ကြည့်ကြဦးမှာ သေချာပါတယ်။
 
 

25 Mar 2019     1,898 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment