BEC-TERO TV

အကယ်ဒမီဆုပေးပွဲမှာ နေခြည်ဦးလုပ်သမျှပါးစပ်အဟောင်းသားလေးနဲ့အံ့အားသင့်ခဲ့ရတဲ့ မအေးသောင်းနဲ့ ခင်ဝင့်ဝါ

25 Mar 2019     1,425 Views


ပြီးခဲ့တဲ့ စနေနေ့၊ မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ အကယ်ဒမီ ရုပ်ရှင် ဆုပေးပွဲအခမ်းအနားကြီးမှာ မအေးသောင်း၊ နေခြည်ဦးနဲ့ ခင်ဝင့်ဝါတို့ဟာ နေရာချရာမှာ တစ်တန်းတည်း အတူတူထိုင်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်သီး Beauty Blogger နေခြည်ဦးဟာ ရန်သူ ဇာတ်ကားနဲ့ ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့တာဖြစ်ပြီး မအေးသောင်းကတော့ မုန်းစွဲရုပ်ရှင်ကားကြီးနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

နေရာတကာ ဆိုရှယ်ကျပြီး လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ ခြည်ခြည်ဟာ တစ်တန်းတည်းအတူထိုင်တဲ့ မအေးသောင်း၊ ခင်ဝင့်ဝါတို့နဲ့အတူ အမှတ်တရ အဖြစ် Story မှာတင်ဖို့ ဗွီဒီယိုသေးစားလေးရိုက်ကူးခဲ့ပါတယ်။ ဒီဗွီဒီယိုလေး ရိုက်ကူးတဲ့အခါမှာ ခြည်ခြည်က Mystory မှာ Zoom ဆွဲတဲ့ နည်းလမ်းနဲ့ ရိုက်ခဲ့တာပါ။ ဒါကို မသိတဲ့ မအေးသောင်းနဲ့ ခင်ဝင့်ဝါတို့က ခြည်ခြည်လုပ်သမျှကို ပါးစပ်အဟောင်းသားလေးနဲ့ မျက်လုံးလေးပြူးကာ အံ့အားသင့်ခဲ့ပါတယ်။

မအေးသောင်းနဲ့ ခင်ဝင့်ဝါ တို့နှစ်ယောက် မသိနားမလည်လို့ အံ့အားသင့်သွားတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းတာကြောင့် ခြည်ခြည်က သူမရဲ့ Story မှာ “အရမ်းချစ်ဖို့ကောင်းတဲ့ မအေးသောင်းနဲ့ ခင်ဝင့်ဝါ” “Story တင်ရ် Zoom ဆွဲလို့ရတာသိဘူးတဲ့” ဆိုပြီးရေးသားခဲ့ပါတယ်။

မအေးသောင်းကလဲ ချီချီ ခေတ်မီပုံကိုကြည့်ပြီး အားမလိုအားမရဖြစ်သွားတယ်နဲ့တူပါတယ်။ “အစ်မတို့ကလဲ တောသူတွေကျနေတာပဲ” ဆိုပြီး သူမကိုယ်သူမပြောနေခဲ့ပါတယ်။ ခြည်ခြည်ကတော့ မမအေးသောင်းနဲ့ခင်ဝင့်ဝါတို့ အံ့အားသင့်ပုံလေးကို ကြည့်ပြီး ချစ်ဖို့ကောင်းလွန်းလို့ ရယ်မောနေခဲ့ပုံပါပဲ။

ပရိတ်သတ်ကြီးရေ မအေးသောင်း၊ ခင်ဝင့်ဝါ နဲ့ နေခြည်ဦးတို့လဲ ဒီအကယ်ဒမီပေးပွဲလေးအပြီးမှာ ခင်မင်မှုတစ်ခုရရှိသွားမယ်လို့ ထင်ပါတယ်နော်။ သူတို့ သုံးယောက်ရဲ့ ခင်မင်ရင်းနှီးမှုကို အစပျိုးတဲ့ ပုံစံလေးတွေက ချစ်စရာကောင်းတယ် မထင်မိဘူးလား။ မှတ်ချက်လေးတွေပေးသွားကြပါဦး။

(ပိုပိုလေး)

 

 


25 Mar 2019     1,425 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS