BEC-TERO TV

ရုပ်ရှင်ထူးချွန်ဆု တစ်ဆုမှမရရှိခဲ့တဲ့ ခီမောင်နှံ နဲ့ “မီ” ရုပ်ရှင်ကားကို ပရိတ်သတ်က ဆုချီးမြှင့်မည်

25 Mar 2019     1,275 Views


၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ဆုပေးပွဲကြီးလည်း ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ညက အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ ထူးချွန်ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပါတယ်။ ဆုပေးပွဲကြီး အောင်မြင်စွာပြီးဆုံးသွားသော်လည်း ပရိတ်သတ်တွေအကြားမှာ ရသင့်ရထိုက်တဲ့ အနုပညာရှင်တွေ မရရှိခဲ့ကြလို့ ဘဝင်မကျစရာတွေ တွေ့ ရှိခဲ့ကြပါတယ်။

မြန်မာ့ ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ဂုဏ်သိက္ခာကိုဆယ်ပေးခဲ့သော၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မနိမ့်ကြောင်းပြသနိုင်ခဲ့သော၊မြန်မာ့ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် ကောင်းမွန်အဆင့်မြင့်သော အရွေ့တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သော ခီမောင်နှံ တို့ကို မပါဝင်ခဲ့ခြင်းအပေါ် ပရိတ်သတ်တချို့က မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး အရည်အသွေးပြည့်မှီတဲ့ “မီ” ရုပ်ရှင်ကားမှ ဆုမရရှိခဲ့ခြင်းအတွက်လည်း ပရိတ်သတ်တချို့ မကျေနပ်စရာဖြစ်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဒါရိုက်တာ မခရစ္စတီးနားခီ နဲ့ မင်းသား ဇဏ်ခီတို့ ပါဝင်ရိုက်ကူးထားတဲ့ မုဒြာရဲ့ ခေါ်သံ ၊ ဥပါယ်တံမျဉ် နှင့် “မီ” ရုပ်ရှင်ကားမှလည်း ရေပန်းစားခဲ့ပြီး ဆုရရှိခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ပရိတ်သတ်တို့ရဲ့ အချစ်တော်တွေဖြစ်ခဲ့ကြပါတယ်။

ခီမောင်နံ နဲ့ “မီ”ရုပ်ရှင်ကားကို ဆုပေးနိုင်ဖို့အတွက် Mega Myanmar Links ရဲ့ CEO ကိုစိုးသီဟနောင် ဦးဆောင်ပြီး ဆုပေးဖို့ လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ အဆိုပါဆုတွေပေးအပ်ဖို့အတွက် ရွှေတစ်ကျပ်သား မတည် ထည့်ဝင်သူတွေရှိနေပြီး ထောက်ခံတဲ့ ပရိတ်သတ်အများအပြားလည်း ရှိနေကြပါတယ်။ နောက် ခီမောင်နှံနဲ့ “မီ” ရုပ်ရှင်ကားကို ဆုချီးမြှင့်ပေးနိုင်အတွက် ဘဏ်အကောင့်မှတဆင့်လည်း လက်ခံသွားဖို့ရှိတယ်လို့သိရပါတယ်။

အဓိကတော့ လူငယ်တွေ ဒီတန်းအောက်ကဝင် ဒီအရိုးအရင်းစား၊ ခိုင်းတာလုပ် ကျွေးတာစား အထွန့်မတက်နဲ့ ဖောက်မထွက်နဲ့ သေသွားမယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို အမြင်ကပ်လို့။ ပြောတော့ နိုင်ငံတကာ နိုင်ငံတကာနဲ့ လက်တွေ့ကြတော့ အောက်ကမဝင်ရင် မဝင်နဲ့ဆိုပြီး ချိုးထားကြတယ်။

ဒါက ရုပ်ရှင်လောကမှ မဟုတ်ဘူး။ နေရာတိုင်းပဲ။ ဒီပွဲကို ဖြစ်အောင် လုပ်မယ်။ ရသလောက် စုပြီး ရသလောက် ဆုပေးမယ်။ လူငယ်တွေကို နေရာပေးတတ်အောင် သင်ပေးရမယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြတာ ဖြစ်တယ်လို့သိရပါတယ်။

သရုပ်ဆောင်ရုပ်ရှင်မင်းသား ကိုဇဏ်ခီနှင့် နိုင်ငံတကာအဆင့်မှီ ဒါရိုက်တာ မခရစ္စတီးနား တို့ မိသားစုအား ဂေါ်ရန်ဂျီမှ The Log နှင့် သီရိသုတအောင် တည်းခိုခန်းမှ ရာသက်ပန် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဂုဏ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ပရိတ်သတ်ချစ်သော ဂုဏ်သိက္ခာရှိသော အနုပညာဖြစ်တဲ့ ခီမောင်နှံကို မြန်မာရုပ်ရှင်အဆင့်အတန်းမနှိမ့်ကျအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း သိရပါတယ်။


25 Mar 2019     1,275 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS