BEC-TERO TV

ကလေးတို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် မိဘများက ပြုမှုဆောင်ရွတ်ပေးသင့်တဲ့ အချက်များ

25 Mar 2019     1,355 Views


ကလေးငယ်တွေဟာ ငယ်စဉ်အခါမှာ သူတို့ရဲ့ နေထိုင်ပုံအရ ကြီးတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတတ်ကြတာကို လေ့လာမှုအရ သိရှိရပါတယ်။ ငယ်တဲ့အခါမှာ အစားအသောက် ကို အာဟာရ ပြည့်ဝအောင် စားခြင်း ၊ လေ့ကျင်ခန်းလုပ်ခြင်း ၊ စဉ်းစားတွေးခေါ်နိုင်ဖို့အတွက် Puzzle ဂိမ်းတွေကစားပေးခြင်း ၊ စာအုပ်တွေ ဖတ်ခြင်းက ကလေးတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ ့ဖြိုးတိုးတက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာလည်း တိုးတက်ဖွ ့ံဖြိုးတက်စေနိုင်ပါတယ်။
 

အခုခေတ်မှာ ကလေးငယ်တွေဟာ အိုင်တီပစ္စည်းတွေနဲ့ တွဲဖက်ပြီးမွေးဖွားလာတဲ့ ခေတ်ဖြစ်တာကြောင့် ကလေးငယ်တွေဟာ လှုပ်ရှားမှု နည်းပါးပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ ့ဖြိုးတိုးတက်မှု နည်းပါးလာတာကို တွေရ ့ပါတယ် ။ ဦးနှောက်ပိုင်းမှာ တစ်ခဏတာ မှက်ညဏ် က ကောင်းမွန်စေနိုင်သော်လည်း ကာလအတန်ရှည်ကြာလာရင် မေ့တတ်လာတတ်ကြတယ်လို့ သုတေသီတွေက ဖော်ပြပါတယ်။

ဒါကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တွေဟာ အိုင်တီ ပစ္စည်းတွေအသုံးပြုခြင်းမှ မိဘများက တာစီးပေးရန် လိုအပ်ပါတယ်၊
 
ကလေးငယ်တွေအနေနဲ့ ငယ်စဉ်မှာ ပြုမှုဆောင်ရွတ်သင့်သည့်အရာများ
 
၁ ကျောင်းပညာရေးနှင့် စာသင်ကြားရေးကို ဂရုပြုရန်
 
၂ သက်တူရွယ်တူ အပေါင်းအဖော်များနဲ့ အတူ ကစားခြင်း ၊ စာလေ့လာခြင်း
 
၃ ကလေးငယ်တွေရ ဲ့ စိတ်ကျန်းမာရေး နဲ့ပါတ်သတ်ပြီး ကလေးငယ်ကို စောင့်ကြည့်လေ့လာခြင်း
 
၄ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် မှာနေထိုင်စေရေး
 
၅  မိဘအုပ်ထိန်းသူ နဲ့ တပူးတစ်တွဲ ဂရုစိုက်ပေးခြင်း
 
၆ ဗီတာမင် ABCD ပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးစေခြင်း
 
စသည့် အချက်များကို ငယ်စဉ်အခါမှာ မိဘများက ကလေးငယ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတို့ကို ဂရုတစိုက်ရှိနေပေးသင့်ပါတယ်။
 

25 Mar 2019     1,355 Views




RELATED

Most Popular of Health Fix

Most Popular of Life Style