BEC-TERO TV

အနှိပ်သည်ရဲ့ အစွမ်းနဲ့ တစ်သက်လုံး ဒုက္ခိတဘဝရောက်ခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

26 Mar 2019     1,497 Views


ထိုင်းနိုင်ငံက အသက် ၄၆ နှစ်အရွယ် အမျိုးသမီးဟာ “ဒေါက်တာဟက်ပီး” လို့ နာမည်ရတဲ့ အနှိပ်သည်ထံမှာ သွားရောက်အနှိပ်ခံခဲ့ပြီးနောက် ခြေထောက်ကျိုးကာ တစ်သက်တာ ဒုက္ခိတဘဝရောက်ခဲ့ရပါတယ်။
 
အစားအသောက်များ ချက်ပြုတ်ရောင်းချတဲ့ Pranom Tiengtrong ဆိုသူအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက “ဒေါက်တာဟက်ပီး” ထံမှာ သွားရောက် အနှိပ်ခံခဲ့ပြီးနောက် ခြေထောက်နာတဲ့ ဒဏ်ကို လပေါင်းများစွာ မချိမဆံ့ခံခဲ့ရပါတယ်။ အဲဒီနောက် ဆေးရုံမှာသွားပြခဲ့ပြီး ဓါတ်မှန်ရိုက်ကြည့်ရာမှာ သူမရဲ့ပေါင်ရိုးကျိုးကြီး ဘယ်ဘက်ခြေကျင်းဝတ် အက်သွားတာကို သိခဲ့ရပါတယ်။
 
အဲဒီနောက် သူမရဲ့အိမ်နီးချင်းတွေက “ဒေါက်တာဟက်ပီး” ကို ဆက်သွယ်ပြီး ဒီအဖြစ်ပျက်ကို တာဝန်ယူဖို့ ပြောခဲ့ပေမယ့် ဆက်သွယ်လို့ မရတာကြောင့် ရဲကိုတိုင်ကြားခဲ့ပါတယ်။ သူမခြေထောက် အကြာကြီးမတ်တပ်မရပ်နိုင်တဲ့အတွက် စျေးမရောင်းနိုင်တော့တာကြောင့် ဝင်ငွေမရှိတော့တဲ့အတွက် လင်ယောကျ်ားကလည်း သူမကို ပစ်သွားကြောင်း ငိုယိုကာ တိုင်ကြားခဲ့ပါတယ်။ ဒါ့အပြင် သူမ ဆေးကုသရန် ကုန်ကျစရိတ် ဘတ် ၁၃၀,၀၀၀ ကိုလည်း မပေးနိုင်တဲ့အတွက် ဒုက္ခရောက်နေရကြောင်း တိုင်ကြားခဲ့ပါတယ်။
 
“ဒေါက်တာဟက်ပီး” တစ်ဖြစ်လဲ Kiattisak အသက် ၂၁ နှစ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့နေအိမ်မှာ တွေ့ခဲ့ရပြီး သူ့အနေနဲ့ နာ်မည်ကျော် အနှိပ်ခန်းတွေမှာ သင်ယူခဲ့တာဖြစ်လို့ အနီးပတ်ဝန်းကျင်မှာ သူနာမည်ရလာတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နင်းနှိပ်နေတဲ့ ရုပ်သံတစ်ခုမှာတော့ အနှိပ်ခံသူက နာကျင်လွန်းလို့ မျက်ရည်ကျတဲ့ထိ အော်ဟစ်နေပေမယ့် သူက လုံးဝ ဂရုမစိုက်ပဲ နင်းနှိပ်နေတာကို တွေ့ရပါတယ်။
 
 
အနှိပ်သည် “ဒေါက်တာဟက်ပီး” ကို တရားဝင်လိုင်စင်မရှိပဲ အနှိပ်ခန်းဖွင့်မှု၊ တိုင်းရင်းဆေးပညာရှင်အဖြစ် မှတ်ပုံတင်မရှိမှုတို့နဲ့ ဒဏ်ငွေဆောင်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။ဖွင့်မှု၊ တိုင်းရင်းဆေးပညာရှင်အဖြစ် မှတ်ပုံတင်မရှိမှုတို့နဲ့ ဒဏ်ငွေဆောင်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။
 

26 Mar 2019     1,497 Views




RELATED

Most Popular of Special or Others

Most Popular of NEWS