BEC-TERO TV

ဂျပန်အသင်းကို ပေးဂိုးမရှိဘဲ ရလဒ်ကောင်းရရှိအောင် စွမ်းဆာင်သွားမည့်ဆိုတဲ့ ဟိန်းထက်အောင်

26 Mar 2019     1,342 Views


ယနေ့ညနေ ၆ နာရီမှာ အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲမှာ မြန်မာယူ-၂၃အသင်းဟာ ဂျပန်ယူ-၂၃အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်က မြန်မာအသင်းအတွက် ခြေစစ်ပွဲအောင်ဖို့ အရေးကြီးပွဲစဉ်ဖြစ်ပါတယ်။

မြန်မာအသင်းက နှစ်ပွဲကစားပြီးချိန်တွင် ဂျပန်နှင့် မြန်မာယူ-၂၃ အသင်းတို့မှာ ရမှတ် ၆ မှတ်စီ ရရှိထားပြီး ဂျပန်ယူ-၂၃ အသင်းက ဂိုးကွာခြားချက် အသာဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေပါတယ်။ ဂျပန်အသင်းမှာ ရဂိုး ၁၄ ဂိုး ရရှိထားပြီး မြန်မာအသင်းမှာ ရဂိုး ၁၁ ဂိုး ရရှိထားပါတယ်။

မြန်မာအသင်းကွင်းလယ်ကစားသမား လွင်မိုးအောင်က  “ဂျပန်ကို သိပ်ဂရုစိုက်မှာ မဟုတ်ဘူး ၊ ကိုယ်အသင်းကိုပဲ ဂရုစိုက်သွားမယ်။ ပရိတ်သတ်တွေအင်အားက တစ်ယောက်အပိုနဲ့ ကစားရလိုပါပဲ” ပြောပါတယ်။

မြန်မာအသင်းကွင်းလယ်ကစားသမား ဟိန်းထက်အောင်ကလည်း “ဂျပန်အသင်းက အခုလက်ရှိမှာတော့ အာရှမှာ အကောင်းဆုံး အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမဲ့ အနိုင်ရရှိဖို့အတွက် အကောင်ဆုံးကြိုစားသွားမှာပါ။ ကျွန်တော်တို့အသင်းကလည်း အစောပွဲတွေမှာလည်း ပေးဂိုးမရှိခဲ့ပါဘူး ၊ ဂျပန်နဲ့ ပွဲမှာလည်း ပေးဂိုးမရှိအောင်အကောင်းဆုံးစွမ်းဆောင်သွာမယ် “ လိုဆိုပါတယ်။

၂၀၂၀ အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲကို အုပ်စု (၁၁) စု ခွဲထားပြီး အုပ်စုဗိုလ် ၁၁ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယ ၄ သင်းတို့မှာ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်ပါတယ်။

အကောင်းဆုံး အုပ်စု ဒုတိယ အသင်းများကို ရွေးချယ်ရာတွင် အုပ်စုအောက်ဆုံး အသင်းနှင့်တွေ့သည့် ရလဒ်ကိုယူမည် မဟုတ်ဘဲ အုပ်စုတတိယ နေရာရသည့် အသင်းမျာနှင့် တွေ့ဆုံသည့် ရလဒ်ပေါ်မူတည်ကာ ဆုံးဖြတ်မည် ဖြစ်ပါတယ်။

လက်ရှိတွင် အုပ်စု ၁၁ စုမှ ဒုတိယ နေရာရောက်နေသည့် အသင်းများကို အစဉ်လိုက် အဆင့်သတ်မှတ်ရာတွင် မြန်မာယူ-၂၃ အသင်းမှာ အဆင့် ၂ နေရာမှာရှိနေပါတယ်။

မြန်မာယူ-၂၃ အသင်း အနေဖြင့် ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ် ပွဲစဉ်မှာ ဘယ်လောက်အထိ စွမ်ဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ်ဖြစ်ပါတယ်။

 

 


26 Mar 2019     1,342 Views




RELATED

Most Popular of Football

Most Popular of Sport