BEC-TERO TV

အကယ်ဒမီပေးပွဲအပြီးကိုကိုတို့ဝန်းရံကြရမယ့် ဦးဝင်းမြိုင်ရဲ့သမီးလေး အိပြည့်

26 Mar 2019     1,444 Views


မြန်မာ့ရုပ်ရှင်လောကမှာ အဖေခန်း ၊ ဦးလေးအခန်းတွေကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးဝင်းမြိုင်ကိုတော့ ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။ ဦးဝင်းမြိုင်ဟာ ဇာတ်ကားထဲမှာ မင်းသား၊ မင်းသမီးချောတွေရဲ့ အဖေနေရာကသရုပ်ဆောင်လေ့ရှိသူတစ်ဦးဆိုလဲမမှားပါဘူး။

ရုပ်ရှင်ထဲမှာ အချောလေးတွေရဲ့ အဖေဖြစ်ရသလို အပြင်မှာလဲ သမီးချောလေးရဲ့ အဖေဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဦးဝင်မြိုင်မှာ ဇနီးသည်၊ အိပြည့်လို့ အမည်ရတဲ့ သမီးချောလေးနဲ့အတူ ၂၀၁၈ အကယ်ဒမီဆုပေးပွဲအခမ်းအနားကို တက်ရောက်လာပါတယ်။ ဦးဝင်းမြိုင် သမီးလေးရဲ့ ဖေ့ဘွတ်ခ်အကောင့်ကတော့ Ei Pyae ဖြစ်ပြီး သူမရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ ဖေဖေ၊ မေမေ တို့နဲ့အတူ အကယ်ဒမီပေးပွဲတက်ရောက်လာတဲ့ ပုံလေးတွေတင်ထားပါတယ်။

အိပြည့်လေးရဲ့ ဓာတ်ပုံတွေမြင်ပြီး ဖေ့ဘွတ်လူမှုကွန်ယက်တစ်ခွင် “ဦးဝင်းမြိုင် ယောက္ခမကြီး” “ဦးဝင်းမြိုင် လျှိုတယ်” ဆိုပြီး စနောက်ပြီး ရေးသားနေကြပါတယ်။

ပရိတ်သတ်ကြီးရေ ဦးဝင်းမြိုင်ရဲ့ သမီးလေး အိပြည့်ဟာ ခန့်မှန်းခြေအရတော့ ဆယ်ကျော်သက်အရွယ်ပဲ ရှိဦးမယ်ထင်ပါတယ်နော်။ အကောင့်လေးလဲ လင်းပြီးပြီဆိုတော့ ချစ်စရာကောင်းတဲ့ ဦးဝင်းမြိုင်ရဲ့ သမီးလေးကို ဝန်းရံလိုက်ကြပါဦး။

(ပိုပိုလေး)

 

 


26 Mar 2019     1,444 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS